Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 1:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သင်​တို့​နေရာ​ကို​ဖြတ်​လျက် မာကေဒေါနိ​ပြည်​သို့ သွား​ပြီးနောက် တစ်ဖန် မာကေဒေါနိ​ပြည်​မှ သင်​တို့​ထံသို့​ပြန်လာ​၍ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ယုဒ​ပြည်​သို့​သွား​မည်​ဟု စီစဉ်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 မာ​ကေ​ဒေါ​နိ​ပြည်​သို့​အ​သွား​တွင်​တစ်​ကြိမ်၊ ထို​ပြည်​မှ​အ​ပြန်​တွင်​တစ်​ကြိမ်​သင်​တို့​ထံ​သို့ ဝင်​ရောက်​ပြီး​နောက်​ယု​ဒ​ပြည်​သို့​သွား​နိုင်​ရန် သင်​တို့​ထံ​မှ​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​မည် ဟု​အ​ကြံ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 သင်​တို့​အ​နား​မှာ​လျှောက်၍ မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​ပြီး​လျှင်၊ တစ်​ဖန် မာ​ကေ​ဒေါ​နိ​ပြည်​မှ သင်​တို့ နေ​ရာ​သို့​လာ၍၊ ယု​ဒ​ပြည်​တိုင်​အောင် သင်​တို့​ပို့​ခြင်း​ကျေး​ဇူး​ကို ခံ​မည်​ဟု​အ​ကြံ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 1:16
6 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် သူ​တို့​သည် အသင်းတော်​၏​ပို့ဆောင်​ခြင်း​အားဖြင့် ဖိုနီးရှား​နယ်​နှင့်​ရှမာရိ​နယ်​တို့​ကို​ဖြတ်သွား​ရင်း လူမျိုးခြား​တို့​၏​ပြောင်းလဲ​မှု​အကြောင်း​ကို အကုန်အစင်​ပြောပြ​ကာ ညီအစ်ကို​အပေါင်း​တို့​ကို အလွန်​ဝမ်းမြောက်​စေ​ကြ​၏။


သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်


အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။


ထို့ကြောင့် မည်သူ​မျှ သူ့​ကို​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ ငါ​သည် ညီအစ်ကို​များ​နှင့်အတူ သူ​ရောက်လာ​မည်​ကို စောင့်​နေ​သည်​ဖြစ်၍ သူ​သည် ငါ့​ထံသို့​ပြန်လာ​နိုင်​ရန် သူ့​ကို ငြိမ်းချမ်း​စွာ​ပို့ဆောင်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ