၁ တိမောသေ 6:9 - မြန်မာ့စံမီသမ္မာကျမ်9 ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ရာထဲသို့လည်းကောင်း၊ ထောင်ချောက်ထဲသို့လည်းကောင်း၊ လူတို့ကို ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲ၍အန္တရာယ်ရှိသည့် တပ်မက်ခြင်းအမျိုးမျိုးထဲသို့လည်းကောင်း ကျရောက်တတ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ချမ်းသာကြွယ်ဝလိုသူတို့သည်အပြစ်သွေး ဆောင်ခြင်းကိုခံရကြ၏။ သူတို့သည်မိုက်မဲ ၍အကျိုးယုတ်စေတတ်သည့်စွဲလမ်းတပ်မက် မှုတို့ဖြင့်ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှု များသည်သူတို့အားပျက်စီးဆုံးရှုံးစေ တတ်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
တစ်နည်းအားဖြင့် ပညတ်တရားသည် ဖြောင့်မတ်သောသူအတွက်ရှိသည်မဟုတ်ဘဲ တရားမဲ့သောသူများနှင့်နာခံမှုမရှိသောသူများ၊ ဘုရားတရားမဲ့သောသူများနှင့်အပြစ်သားများ၊ မသန့်ရှင်းသောသူများနှင့်ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူများ၊ ဖခင်ကိုသတ်သောသူများနှင့်မိခင်ကိုသတ်သောသူများ၊ လူသတ်သမားများ၊