၁ တိမောသေ 2:8 - မြန်မာ့စံမီသမ္မာကျမ်8 သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍ ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏။- အခန်းကိုကြည့်ပါ။ |
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန်သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
ထိုနည်းတူ ခင်ပွန်းသည်တို့၊ ဇနီးသည်သည် မိန်းမသားဖြစ်ပြီး သင်တို့ထက် အားနည်းသောသူဖြစ်ကြောင်း သိရှိနားလည်၍ အသက်နှင့်ဆိုင်သောကျေးဇူးတော်ကို အတူတကွအမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွပေါင်းသင်းနေထိုင်ကြလော့။ ဤသည်ကား သင်တို့၏ဆုတောင်းချက်များ တားဆီးခြင်းမခံရမည့်အကြောင်းတည်း။