၁ တိမောသေ 1:1 - မြန်မာ့စံမီသမ္မာကျမ်1 ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့် ငါတို့၏မျှော်လင့်ရာဖြစ်တော်မူသော ခရစ်တော်ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့်ငါ တို့မျှော်လင့်ရာဖြစ်သောခရစ်တော်ယေရှု၏ အမိန့်တော်အရ ခရစ်တော်ယေရှု၏တမန် တော်အဖြစ်ခန့်ထားခြင်းခံရသောငါ ပေါလုထံမှ၊ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊ ငါတို့မျှော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုခရစ်၏ ပညတ်တော်အားဖြင့်၊ ထိုသခင်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊- အခန်းကိုကြည့်ပါ။ |
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။