၁ သက်သာလောနိတ် 4:14 - မြန်မာ့စံမီသမ္မာကျမ်14 အကြောင်းမူကား ယေရှုသည် အသေခံပြီးနောက် ထမြောက်တော်မူသည်ဟု ငါတို့ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုကဲ့သို့ပင် ထိုသခင်နှင့်အတူခေါ်ထုတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 သခင်ယေရှုသည်အသေခံတော်မူပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ဟုငါတို့ယုံကြည် သောကြောင့် ဘုရားသခင်သည်ကိုယ်တော်ကိုယုံ ကြည်လျက်သေလွန်သွားကုန်သောသူတို့အား ထိုအရှင်နှင့်အတူမိမိထံတော်သို့ပြန်၍ ခေါ်ဆောင်သွားတော်မူလိမ့်မည်ဟုငါတို့ ယုံကြည်ကြပေသည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 ယေရှုသည် သေပြီးမှ တစ်ဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။