၁ သက်သာလောနိတ် 1:2 - မြန်မာ့စံမီသမ္မာကျမ်2 ငါတို့သည် သင်တို့အားလုံးအတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်လျက် ငါတို့၏ဆုတောင်းချက်များ၌ သင်တို့ကိုသတိရကာ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2-3 ငါတို့သည်အဖဘုရားသခင်ထံတော်သို့ဆု တောင်းပတ္ထနာပြုသည့်အခါတိုင်း သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကိုလက်တွေ့အဘယ် သို့ကျင့်သုံးကြသည်ကိုလည်းကောင်း၊ သင်တို့ ၏ချစ်ခြင်းကြောင့်သင်တို့အဘယ်သို့ကြိုးစား လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ငါတို့ သခင်ယေရှုခရစ်အားအဘယ်သို့မျှော်လင့် ၍တည်ကြည်ကြသည်ကိုလည်းကောင်း သတိရ ၍အစဉ်ပင်ကျေးဇူးတော်ကိုချီးမွမ်းကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2-4 ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊- အခန်းကိုကြည့်ပါ။ |
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။