၁ ဓမ္မရာဇဝင် 6:4 - မြန်မာ့စံမီသမ္မာကျမ်4 ဖိလိတ္တိလူမျိုးတို့ကလည်း “မည်သည့်အပြစ်ဒဏ်ဖြေရာယဇ်ဖြင့် ပို့လိုက်ရမည်နည်း”ဟု မေးလျှင် သူတို့က “ဖိလိတ္တိမင်းအရေအတွက်နှင့်အညီ ရွှေပလိပ်နာဖုအရုပ်ငါးခုနှင့် ရွှေကြွက်ရုပ်ငါးခုကို ထုလုပ်၍ ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့၏မင်းများ ခံစားရသောရောဂါမှာ တစ်မျိုးတည်းဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင် သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 အဘယ်အရာကို ဒုစရိုက်ဖြေရာပူဇော်သကာဖို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကိုပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့မင်းများ၌ ရောဂါတစ်ပါးတည်း စွဲလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။