Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 6:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ရွှေ​ကြွက်​ရုပ်​များ​မှာ ခံတပ်​မြို့​နှင့် ကျေးလက်ဒေသ​များ​အပါအဝင် ဖိလိတ္တိ​မင်း​ငါး​ပါး​အုပ်ချုပ်​သော​မြို့ရွာ​တို့​၏​အရေအတွက်​အတိုင်း ဖြစ်​၏​။ ထာဝရဘုရား​၏​သေတ္တာ​တော်​တင်ထား​ခဲ့​သော​ကျောက်တုံး​ကြီး​သည် ယနေ့​တိုင်အောင် ဗက်ရှေမက်​မြို့သား ယောရှု​၏​လယ်​ထဲတွင် သက်သေ​အဖြစ် ရှိ​နေ​သေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 သူ​တို့​သည်​ကြွက်​ရုပ်​များ​ကို​လည်း​ဖိ​လိတ္တိ ဘု​ရင်​များ အ​စိုး​ရ​သည့်​ခံ​တပ်​မြို့​များ​နှင့် ကျေး​ရွာ​များ​အ​တွက် တစ်​မြို့​လျှင်​တစ်​ခု ကျ​စီ​ဆက်​သ​ပေး​ပို့​ကြ​၏။ ဗက်​ရှေ​မက် မြို့​သား​ယော​ရှု​၏​လယ်​၌​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တင်​ရာ​ကျောက်​တုံး ကြီး​သည် ထို​စဉ်​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​၌​အ​သိ​သက်​သေ​အ​ဖြစ်​ဖြင့်​ယ​နေ့ တိုင်​အောင်​တည်​ရှိ​နေ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ရွှေ​ကြွက်​တို့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို တင်​ထား​သော ကျောက်​ကြီး​တိုင်​အောင် ခိုင်​ခံ့​သော​မြို့​ဖြစ်​စေ၊ တော​ရွာ​ဖြစ်​စေ၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​ဆိုင်​သ​မျှ​သော မြို့​ရွာ​အ​ရေ​အ​တွက်​အ​တိုင်း ဖြစ်​သ​တည်း။ ထို​ကျောက်​ကား ယ​နေ့​တိုင်​အောင် ဗက်​ရှေ​မက်​မြို့​သား ယော​ရှု၏​လယ်​ကွက်၌​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 6:18
4 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​အားလုံး​သည် မြင့်မား​သော​တံတိုင်း​၊ တံခါး​များ​၊ ကန့်လန့်ကျင်​များ​ရှိ​၍ ခိုင်ခံ့​သော​မြို့​များ​ဖြစ်​ကြ​၏​။ တောမြို့​တို့​ကို​လည်း အမြောက်အမြား​သိမ်းပိုက်​၍


ခါနာန်​လူမျိုး​တို့​နေထိုင်​ရာ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိဟောရ​မြစ်​မှ မြောက်ဘက်​ဧကြုန်​နယ်နိမိတ်​အထိ​၊ ဖိလိတ္တိ​ဘုရင်​ငါး​ပါး​အုပ်ချုပ်​သည့် ဂါဇ​ပြည်​၊ အာဇုတ်​ပြည်​၊ အာရှကေလုန်​ပြည်​၊ ဂိတ္တိ​ပြည်​၊ ဧကြုန်​ပြည်​မှစ၍ အာဝိ​ပြည်​အပါအဝင်


ဖိလိတ္တိ​လူမျိုး​တို့​က​လည်း “​မည်သည့်​အပြစ်ဒဏ်ဖြေရာယဇ်​ဖြင့် ပို့​လိုက်​ရ​မည်နည်း​”​ဟု မေး​လျှင် သူ​တို့​က “​ဖိလိတ္တိ​မင်း​အရေအတွက်​နှင့်အညီ ရွှေ​ပလိပ်နာဖု​အရုပ်​ငါး​ခု​နှင့် ရွှေ​ကြွက်​ရုပ်​ငါး​ခု​ကို ထုလုပ်​၍ ပေးလိုက်​ရ​မည်​။ သင်​တို့​နှင့် သင်​တို့​၏​မင်း​များ ခံစား​ရ​သော​ရောဂါ​မှာ တစ်မျိုးတည်း​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ