Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 4:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ထို​ကြွေးကြော်သံ​ကို ကြား​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​က “​ဟေဗြဲ​တပ်စခန်း​မှ ကြွေးကြော်​သံ​ကြီး​ကား အဘယ်နည်း​”​ဟု မေးမြန်း​စူးစမ်း​၍ တပ်စခန်း​ထဲသို့ ထာဝရဘုရား​၏​သေတ္တာ​တော် ရောက်လာ​ကြောင်း​သိ​ရ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​ကြွေး​ကြော်​သံ​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​လျှင်``ဟေ​ဗြဲ​တပ်​စ​ခန်း​မှ​ဟစ်​အော် သံ​ကို​နား​ထောင်​ကြ​လော့။ ထို​အော်​သံ​ကား အ​ဘယ်​သို့​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ဟေ​ဗြဲ​တပ်​စ​ခန်း​သို့ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​လာ​သည့် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ကြွေး​ကြော်​သံ​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ဟေ​ဗြဲ​တပ်၌​ပြု​သော ကြွေး​ကြော်​သံ​ကြီး​ကား အ​ဘယ်​သို့​နည်း​ဟု မေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ထို​တပ်​ထဲ​သို့​ရောက်​ကြောင်း​ကို သိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 4:6
4 ပူးပေါင်းရင်းမြစ်များ  

ဖိလိတ္တိ​တပ်မှူး​တို့​က “​ဤ​ဟေဗြဲ​လူမျိုး​တို့​သည် ဘာ​လာလုပ်​ကြ​သနည်း​”​ဟု မေး​လျှင် အာခိတ်​မင်းကြီး​က ဖိလိတ္တိ​တပ်မှူး​တို့​အား “​ဤ​သူ​ကား အစ္စရေး​ရှင်ဘုရင်​ရှောလု​၏​အစေအပါး ဒါဝိဒ်​ဖြစ်​၏​။ ငါ့​ထံ​ရောက်လာ​သည်​မှာ နှစ်​နှင့်​ချီ​ရှိ​ပြီ​။ ရှောလု​ကို သူ​စွန့်ခွာ​လာ​သော​နေ့​မှစ၍ ယနေ့​အထိ သူ​၌​အပြစ်​တစ်စုံတစ်ရာ​မျှ​မ​တွေ့​”​ဟု ဆို​၏​။


တပ်စခန်း​ထဲသို့ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရောက်လာ​သောအခါ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မြေကြီး​တုန်လှုပ်မတတ် ကျယ်လောင်​စွာ​ကြွေးကြော်​ကြ​လေ​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည် ကြောက်ရွံ့​ကြ​၍ “​တပ်စခန်း​အတွင်း​သို့ ဘုရားသခင် ရောက်​လေ​ပြီ​။ ငါ​တို့​၌ အမင်္ဂလာ​ဖြစ်​လေ​ပြီ​။ ယခင်က ဤသို့​တစ်ခါ​မျှ​မ​ဖြစ်​စ​ဖူး​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ