၁ ဓမ္မရာဇဝင် 4:5 - မြန်မာ့စံမီသမ္မာကျမ်5 တပ်စခန်းထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရောက်လာသောအခါ အစ္စရေးလူမျိုးအပေါင်းတို့သည် မြေကြီးတုန်လှုပ်မတတ် ကျယ်လောင်စွာကြွေးကြော်ကြလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ပဋိညာဉ်သေတ္တာတော်ရောက်ရှိသောအခါ ဣသရေလအမျိုးသားတို့သည်ဝမ်းမြောက် သဖြင့် မြေကြီးပဲ့တင်ထပ်မျှကျယ်စွာ ကြွေးကြော်ကြကုန်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီးအသံ မြည်သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။ အခန်းကိုကြည့်ပါ။ |
ရှံဆုန်သည် လေဟိအရပ်သို့ရောက်လာသောအခါ ဖိလိတ္တိလူမျိုးတို့သည် သူ့ကိုတိုက်ခိုက်ရန် ကြွေးကြော်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်၌ချည်နှောင်ထားသောကြိုးတို့သည် မီးကျွမ်းသွားသောချည်ကြိုးကဲ့သို့ဖြစ်ပြီး ထိုလက်၌ ချည်ထားသောကြိုးတို့ ပြေသွားလေ၏။