Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 4:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထို​သူ​က ဧလိ​အား “​အကျွန်ုပ်​သည် စစ်မြေပြင်​မှ ထွက်ပြေး​လာ​သူ​ဖြစ်​ပါ​၏​။ ယနေ့ပင် စစ်မြေပြင်​မှ ထွက်ပြေး​လာ​ပါ​၏​”​ဟု ပြော​လျှင် ဧလိ​က “​ငါ့​သား​၊ အခြေအနေ မည်သို့​ရှိ​သနည်း​”​ဟု မေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို​လူ​က``အ​ကျွန်ုပ်​သည်​ယ​နေ့​ပင်​စစ်​မြေ ပြင်​မှ​လွတ်​မြောက်​ကာ လမ်း​တစ်​လျှောက်​လုံး အ​ပြေး​လာ​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။ ဧ​လိ​က``ငါ့​သား၊ အ​ရေး​အ​ခင်း​ကား​မည် သို့​နည်း'' ဟု​မေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ပြေး​သော​သူ​က၊ အ​ကျွန်ုပ်​သည် စစ်​တိုက်​ရာ​မှ ရောက်​လာ​သော​သူ ဖြစ်​ပါ၏။ စစ်​တိုက်​ရာ​ထဲ​က ယ​နေ့ အ​ကျွန်ုပ်​ပြေး၍ လာ​ပါ၏​ဟု လျှောက်​လျှင်၊ ဧ​လိ​က၊ ငါ့​သား၊ အ​မှု​ကား​အ​ဘယ်​သို့​နည်း​ဟု​မေး​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 4:16
4 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​က​လည်း သူ့​အား “​မည်သို့​ဖြစ်ပျက်​ခဲ့​သည်​ကို ငါ့​အား​ပြောပြ​ပါ​လော့​”​ဟု ဆို​လျှင် သူ​က “​စစ်သည်​တို့​သည် စစ်ပွဲ​မှ ထွက်ပြေး​ကြ​ရ​ပါ​၏​။ စစ်သည်​အများအပြား လဲကျ​သေဆုံး​ကြ​ရ​ပါ​၏​။ ရှောလု​မင်းကြီး​နှင့်​သူ့​သား​ယောနသန်​လည်း သေ​သွား​ပါ​ပြီ​”​ဟု ပြောပြ​၏​။


ထိုအခါ ယောရှု​က အာခန်​အား “​ငါ့​သား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လော့​။ ကျေးဇူးတော်​ကို ချီးမွမ်း​လော့​။ သင်​ပြု​သော​အမှု​ကို ငါ့​အား ယခု​ပြော​ပါ​လော့​။ ဘာမျှ ဖုံးကွယ်​မ​ထား​နှင့်​”​ဟု ဆို​၏​။


ထာဝရဘုရား​သည် ရှမွေလ​ကို​ထပ်၍​ခေါ်​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍​ဧလိ​ထံသို့​သွား​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု​ဆို​လျှင် ဧလိ​က “​ငါ့​သား​၊ ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု ဆို​၏​။


စစ်သတင်းကြားပြော​သူ​က​လည်း “​အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံ​မှ ထွက်ပြေး​ရ​ပါ​၏​။ လူ​အမြောက်အမြား ကျဆုံး​ပါ​၏​။ သခင်​၏​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​လည်း ကျဆုံး​ပါ​ပြီ​။ ဘုရားသခင်​၏​သေတ္တာ​တော်​လည်း ရန်သူ့​လက်​သို့ ပါသွား​ပါ​ပြီ​”​ဟု ကြားပြော​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ