Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 30:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့ မြို့​သို့​ပြန်ရောက်​ချိန်​တွင် မြို့​မှာ မီးရှို့ဖျက်ဆီး​ထား​ခြင်း​ခံရ​သည်​ကို တွေ့ရှိ​ရ​၏​။ သူ​တို့​၏​ဇနီး​နှင့် သား​သမီး​တို့​ကို​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ပြီ​ဖြစ်​သောကြောင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ဒါ​ဝိဒ်​တို့​လူ​စု​ရောက်​ရှိ​လာ​သော​အ​ခါ မြို့​မှာ မီး​ကျွမ်း​လျက် မိ​မိ​တို့​၏​မ​ယား​နှင့်​သား​သ​မီး များ​ကို ရန်​သူ​တို့​ဖမ်း​ဆီး​သွား​ကြောင်း​ကို တွေ့​ရှိ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 သို့​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​ကို​မီး​ရှို့၍ မ​ယား​သား​သ​မီး​များ​ကို သိမ်း​သွား​ကြောင်း​ကို တွေ့​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 30:3
7 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​သည် ဒုက္ခ​များစွာ​ခံရ​သော်လည်း ထို​ဒုက္ခ​အားလုံး​ထဲမှ သူ့​ကို ထာဝရဘုရား​ကယ်နုတ်​တော်မူ​၏​။


အကြောင်းမူကား ထာဝရ​ဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​ပဲ့ပြင်​တတ်​၏။ လက်ခံ​တော်မူ​သမျှ​သော​သား​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​တတ်​၏”​ဟု သား​ကို​မိန့်​တော်မူ​သကဲ့သို့ သင်​တို့​အား​မိန့်​တော်မူ​သော တိုက်တွန်း​အားပေး​စကား​ကို သင်​တို့​မေ့လျော့​ကြ​ပြီ။


ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။


ဒါဝိဒ်​နှင့်အတူ သူ့​နောက်လိုက်​အားလုံး​နှင့် သူ​တို့​၏​အိမ်ထောင်မိသားစု​များ​အပါအဝင် ဒါဝိဒ်​၏​ဇနီး​နှစ်​ဦး​ဖြစ်​သော ယေဇရေလ​မြို့သူ အဟိနောင်​နှင့် ကရမေလ​မြို့သူ နာဗလ​၏​မယား​ဖြစ်​ခဲ့​ဖူး​သော အဘိဂဲလ​တို့​သည် ဂါသ​မြို့​၌ အာခိတ်​မင်းကြီး​နှင့်အတူ နေထိုင်​ကြ​၏​။


ထို​မြို့​ရှိ မိန်းမ​များ​နှင့် လူကြီး​လူငယ်​အားလုံး​ကို ဖမ်းဆီး​ပြီး တစ်ယောက်​ကို​မျှ မ​သတ်​ဘဲ သူ​တို့​နှင့်အတူ ခေါ်ဆောင်​သွား​၏​။


ဒါဝိဒ်​နှင့်​သူ့​လူ​တို့​သည် ငိုကြွေး​ဖို့ အား​မ​ရှိ​တော့​လောက်အောင်​ပင် အသံကုန်​ငိုကြွေး​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ