၁ ဓမ္မရာဇဝင် 30:22 - မြန်မာ့စံမီသမ္မာကျမ်22 သို့သော် ဒါဝိဒ်နှင့်အတူလိုက်သွားသောသူတို့ထဲမှ စိတ်ထားယုတ်ညံ့သေးသိမ်သူအပေါင်းတို့က “သူတို့သည် ငါတို့နှင့်အတူမလိုက်သောကြောင့် အကျွန်ုပ်တို့ ပြန်တိုက်ခိုက်လုယက်ယူလာသောပစ္စည်းတို့ကို သူတို့အား မပေးနိုင်။ သူတို့သည် သူတို့၏မယား၊ သားသမီးတို့ကိုသာခေါ်၍ ထွက်သွားပါစေ”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version22 သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version22 ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတစ်ပါး အခြားသောဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
မောပန်း၍ ဒါဝိဒ်နောက်သို့မလိုက်နိုင်တော့ဘဲ ဗေသော်ချောင်းနားတွင်နေခဲ့သော လူနှစ်ရာတို့ရှိရာသို့ ဒါဝိဒ်ပြန်ရောက်လာသောအခါ သူတို့သည် ဒါဝိဒ်နှင့် သူနှင့်အတူပြန်လာသောလူတို့ကို ကြိုဆိုရန် ထွက်လာကြ၏။ ဒါဝိဒ်သည် သူတို့အနီးသို့ရောက်လာ၍ သူတို့အား နှုတ်ဆက်စကားပြောဆိုလေ၏။