၁ ဓမ္မရာဇဝင် 3:19 - မြန်မာ့စံမီသမ္မာကျမ်19 ရှမွေလသည် ကြီးပြင်းလာ၍ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့် သူ၏စကားတစ်ခွန်းကိုမျှ အချည်းနှီးဖြစ်စေတော်မမူ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 ရှမွေလသည် အစဉ်အတိုင်းကြီး၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူ၏စကားတစ်ခွန်းမျှ ပျက်စေခြင်းငှာ အခွင့်ပေးတော်မမူ။ အခန်းကိုကြည့်ပါ။ |
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။