၁ ဓမ္မရာဇဝင် 29:3 - မြန်မာ့စံမီသမ္မာကျမ်3 ဖိလိတ္တိတပ်မှူးတို့က “ဤဟေဗြဲလူမျိုးတို့သည် ဘာလာလုပ်ကြသနည်း”ဟု မေးလျှင် အာခိတ်မင်းကြီးက ဖိလိတ္တိတပ်မှူးတို့အား “ဤသူကား အစ္စရေးရှင်ဘုရင်ရှောလု၏အစေအပါး ဒါဝိဒ်ဖြစ်၏။ ငါ့ထံရောက်လာသည်မှာ နှစ်နှင့်ချီရှိပြီ။ ရှောလုကို သူစွန့်ခွာလာသောနေ့မှစ၍ ယနေ့အထိ သူ၌အပြစ်တစ်စုံတစ်ရာမျှမတွေ့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ဖိလိတ္တိတပ်မှူးတို့သည်သူတို့ကိုမြင်လျှင်``ဤ ဟေဗြဲအမျိုးသားတို့သည်အဘယ်ကြောင့်ငါ တို့နှင့်အတူလိုက်လာကြသနည်း'' ဟုမေး၏။ အာခိတ်က``သူသည်ဣသရေလဘုရင်ရှောလု ၏အစေခံဒါဝိဒ်ဖြစ်၏။ ငါ့ထံတွင်နေထိုင် လျက်ရှိသည်မှာကာလအတော်ကြာပါပြီ။ ငါ့ဘက်သို့ဝင်ရောက်လာသည့်နေ့မှစ၍သူ ၏အပေါ်တွင်အပြစ်ဆိုစရာတစ်စုံတစ်ခု မျှမတွေ့ရပါ'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ဖိလိတ္တိမင်းတို့ကလည်း၊ သင်နှင့်လိုက်သော ထိုသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊ အာခိတ်မင်းက၊ ဤသူသည် ဣသရေလရှင်ဘုရင် ရှောလု၏ကျွန်ဒါဝိဒ် ဖြစ်သည်မဟုတ်လော။ ကြာမြင့်စွာ ငါ့ထံမှာနေပြီ။ ငါ့ထံသို့ ရောက်သောနေ့မှစ၍ ယနေ့တိုင်အောင် သူ၌အပြစ်တင်စရာ တစ်စုံတစ်ခုကိုမျှ မတွေ့ဟု ဖိလိတ္တိမင်းတို့အား ပြောဆိုသော်လည်း၊ အခန်းကိုကြည့်ပါ။ |
ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးကို စစ်တိုက်သွားသောအခါ ဒါဝိဒ်လည်း လိုက်ပါရာ မနာရှေအမျိုးတစ်ချို့သည် ဒါဝိဒ်ထံရောက်လာကြ၏။ သို့သော် ဖိလိတ္တိမင်းကြီးတို့က “သူသည် သူ့သခင်ရှောလုမင်းကြီးနှင့် ပြန်ပေါင်းပြီး ငါတို့ခေါင်းကို အပ်ကောင်းအပ်လိမ့်မည်”ဟု အချင်းချင်းတိုင်ပင်ကြပြီး ဒါဝိဒ်ကိုပြန်လွှတ်လိုက်သဖြင့် ဒါဝိဒ်သည် သူတို့ကို စစ်ကူမတိုက်ဖြစ်ခဲ့ဘဲ
ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့် အစောင့်တပ်သားတို့သည် ကိုယ်တော်ကိုမြင်သောအခါ “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ၊ လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “ငါသည် ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ မတွေ့သောကြောင့် သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလော့”ဟု ဆိုလေ၏။
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်
ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။