Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 28:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 သို့သော် ထို​မိန်းမ​က “​စင်စစ် ရှောလု​မင်းကြီး​သည် နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​အား တိုင်းပြည်​ထဲမှ သုတ်သင်ဖယ်ရှား​ပစ်​လိုက်​သည်​ကို သင်​သိ​ပါ​လျက်​နှင့် အကျွန်ုပ်​အသတ်​ခံရ​အောင် အဘယ်ကြောင့် ထောင်ချောက်ဆင်​သနည်း​”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 မိန်း​မ​က​လည်း၊ ရှော​လု​ပြု​သော​အ​မှု၊ စုန်း​နှင့်​နတ်​ဝင်​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ဖယ်​ရှင်း​သော အ​မှု​ကို သင်​သည်​သိ​လျက်​နှင့် ငါ့​ကို​သေ​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ငါ့​အ​သက်​ကို ကျော့​စမ်း​သ​နည်း​ဟု ပြန်​ပြော​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 28:9
5 ပူးပေါင်းရင်းမြစ်များ  

အကယ်၍​သာ အကျွန်ုပ်​သတ်​မိ​လျှင် ကိုယ့်​အသက်​ကို​ကိုယ် အန္တရာယ်ပေး​မိ​ပြီ​။ ရှင်ဘုရင်​ထံမှ ကွယ်ဝှက်​၍​ရ​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ​ပါ​။ သင်​သည်​လည်း အကျွန်ုပ်​ဘက်​မှ ရပ်တည်​ပေး​မည်​မ​ဟုတ်​ပါ​”​ဟု ဆို​၏​။


အစ္စရေး​ဘုရင်​သည် ထို​စာ​ကို​ဖတ်​ပြီးလျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​ငါ​သည် အသက်​ကို သေ​စေ​နိုင် ရှင်​စေ​နိုင်​သော​ဘုရား​လော​။ အဘယ်ကြောင့် ဤ​ဘုရင်​သည် အနာကြီးရောဂါစွဲ​နေ​သော​သူ​ကို ငါ့​ထံ​ပို့​ပြီး​ပျောက်​အောင်​ကုသ​စေ​သနည်း​။ ယခု ကြည့်​ပါ​။ သူ​သည် ငါ့​ကို​ရန်ရှာ​ခြင်း​သာ​ဖြစ်​သည်​မှာ​သိသာ​၏​”​ဟု မိန့်ဆို​၏​။


သင်​တို့​သည်​နတ်ဝင်သည်​များ​နှင့် နတ်ထိန်း​များ​အားဖြင့် ညစ်ညူး​ခြင်း​သို့​မ​ရောက်​အောင် သူ​တို့​ထံသို့ မ​သွား​နှင့်​။ သူ​တို့​ကို မ​မေးမြန်း​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


ထိုအခါ ရှောလု​မင်းကြီး​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​အမှု​ကြောင့် သင့်​အပေါ် အပြစ်​မ​ရောက်​ရ​”​ဟု ထာဝရဘုရား​ကို တိုင်တည်​၍ ကျိန်ဆို​၏​။


ရှမွေလ အနိစ္စ​ရောက်သွား​သဖြင့် အစ္စရေး​တစ်မျိုးသားလုံး ငိုကြွေးမြည်တမ်း​ကြ​ပြီး သူ့​ဇာတိ​မြို့​ဖြစ်​သော​ရာမ​မြို့​၌ပင် သင်္ဂြိုဟ်​ပြီး​ဖြစ်​၏​။ ရှောလု​မင်းကြီး​လည်း တစ်ပြည်လုံး​ရှိ နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​ကို ဖယ်ရှား​ပြီး​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ