၁ ဓမ္မရာဇဝင် 28:7 - မြန်မာ့စံမီသမ္မာကျမ်7 ထိုအခါ ရှောလုမင်းကြီးသည် မိမိအစေအပါးတို့အား “နတ်ကတော်တစ်ဦးကို ရှာပေးပါ။ သူ့ဆီသွားပြီး ငါမေးမြန်းမည်”ဟု ဆိုလျှင် သူ့အစေအပါးတို့က “အင်္ဒေါရမြို့တွင် နတ်ကတော်တစ်ဦးရှိပါ၏”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ထိုအခါရှောလုသည်မိမိ၏တပ်မှူးတို့ အား``နတ်ဝင်သည်တစ်ဦးကိုရှာကြလော့။ သူ၏ထံသို့သွား၍ငါစုံစမ်းမေးမြန်း မည်'' ဟုဆို၏။ ထိုသူတို့က``အင်္ဒေါရမြို့တွင်နတ်ဝင်သည်မ တစ်ယောက်ရှိပါသည်'' ဟုလျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 ထိုအခါ ရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတစ်ယောက်ရှိပါ၏ဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။ |
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိရွာများဖြစ်သည်။