Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 28:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို​ကာလ​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စစ်တိုက်​ရန် စစ်အင်အား​စုဆောင်း​၏​။ အာခိတ်​မင်းကြီး​က​လည်း ဒါဝိဒ်​အား “​သင်​နှင့်​သင့်​နောက်လိုက်​တို့​က ငါ​နှင့်​ပူးပေါင်း​စစ်တိုက်​ရ​မည်​ကို သင်​နားလည်​သဘောပေါက်​လိမ့်မည်​”​ဟု ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​အံ့​သော​ငှာ ဗိုလ်​ခြေ​များ​ကို စု​ဝေး​ကြ၏။ အာ​ခိတ်​မင်း​က​လည်း၊ သင်​သည် လူ​များ​ပါ​လျက် ငါ​နှင့်​လိုက်၍ စစ်​တိုက်​သွား​ရ​မည်​ကို ဆက်​ဆက်​သ​ဘော​ကျ​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 28:1
7 ပူးပေါင်းရင်းမြစ်များ  

ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် စုဝေး​ကြ​ပြီးလျှင် စစ်ရထား​သုံးသောင်း​၊ မြင်းစီးသူရဲ​ခြောက်​ထောင်​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ​များပြား​သော​စစ်သည်​တို့​နှင့်တကွ ချီတက်​လာ​၍ ဗေသဝင်​မြို့​အရှေ့ဘက် မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။


ယခု​တစ်ဖန် ဖိလိတ္တိ​လူမျိုး​တို့​သည် စစ်တိုက်​ရန် စစ်သည်​တို့​ကို စုစည်း​ကြ​၏​။ သူ​တို့​သည် စောခေါ​မြို့​တွင် စုဝေး​၍ ယုဒ​ပြည်​၊ စောခေါ​မြို့​နှင့် အဇေကာ​မြို့​ကြား​ရှိ​ဧဖက်ဒမိမ်​အရပ်​တွင် စခန်းချ​ကြ​၏​။


အာခိတ်​မင်းကြီး​သည် ဒါဝိဒ်​ကို​ယုံ​ပြီး “​ဒါဝိဒ်​ကို သူ့​လူမျိုး​အစ္စရေး​တို့ အလွန်​စက်ဆုပ်ရွံရှာ​ကြ​ပြီ​။ ထို့ကြောင့် သူ​သည် ငါ့​ထံ၌ အစဉ်အမြဲ​ကျွန်ခံ​ရ​လိမ့်မည်​”​ဟု ဆို​၏​။


တစ်ချိန်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် အစ္စရေး​လူမျိုး​တို့ တိုက်ခိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံ​မှ ထွက်ပြေး​ကြ​ရ​ပြီး ဂိလဗော​တောင်​ပေါ်တွင် လဲကျ​သေဆုံး​ကြ​ရ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မိဇပါ​မြို့​၌ စုဝေး​ကြ​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​သောအခါ ဖိလိတ္တိ​မင်း​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို​တိုက်ခိုက်​ရန် ချီလာ​ကြ​၏​။ ထို​သတင်း​ကို အစ္စရေး​အမျိုးသား​တို့ ကြားသိ​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​ကို ကြောက်ရွံ့​ကြ​ကုန်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ