Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 26:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထိုအခါ ဒါဝိဒ်​သည် ထ​၍ ရှောလု​မင်းကြီး စခန်းချ​ရာ​နေရာ​သို့​သွား​လျှင် ရှောလု​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖြစ်​သော နေရ​၏​သား​အာဗနာ​တို့ အိပ်​သော​နေရာ​ကို တွေ့​လေ​၏​။ ရှောလု​မင်းကြီး​သည် တပ်သား​များ​ဝိုင်းရံ​ထား​သော​တပ်စခန်း​အလယ်​တွင် အိပ်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သူ​သည်​ရှော​လု​တပ်​ချ​ရာ​သို့​ချက်​ချင်း​သွား ၍​ရှော​လု​နှင့်​နေ​ရ​၏​သား၊ ရှော​လု​၏​ဗိုလ်​ချုပ် အာ​ဗ​နာ​တို့​အိပ်​စက်​သည့်​နေ​ရာ​ကို​ကြည့်​ရှု ၏။ ရှော​လု​သည်​တပ်​စ​ခန်း​အ​လယ်​တွင်​အိပ်​၍ သူ​၏​လူ​တို့​မူ​ကား​သူ့​ကို​ဝိုင်း​ရံ​လျက်​အိပ် ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ထို​အ​ခါ ဒါ​ဝိဒ်​သည် ထ​သွား၍၊ ရှော​လု​တပ်​ချ​ရာ​အ​ရပ်​သို့ ရောက်​သ​ဖြင့်၊ ရှော​လု​နှင့် ဗိုလ်​ချုပ်​မင်း နေ​ရ၏​သား​အာ​ဗ​နာ အိပ်​ရာ​အ​ရပ်​ကို ကြည့်​ရှု​လေ၏။ ရှော​လု​သည် ရ​ထား​တပ်​အ​လယ်၌​အိပ်​လျက်၊ တပ်​သား​တို့​သည် ပတ်​လည်၌ နေ​ရာ​ကျ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 26:5
10 ပူးပေါင်းရင်းမြစ်များ  

ဟေဗြုန်​မြို့​သို့ အာဗနာ​ပြန်ရောက်​လာ​သောအခါ ယွာဘ​က သူ့​အား သီးခြား​စကားပြော​လို​သည်​ဟု ဆို​၍ သူ့​ကို​မြို့​တံခါး​အတွင်း​သို့ ခေါ်သွား​ပြီးလျှင် သူ့​ဗိုက်​ကို ဓား​နှင့်​ထိုး​လိုက်​လေ​၏​။ ယွာဘ​ညီ အာသဟေလ​ကို သတ်​သော​သွေးကြွေး​အတွက် အာဗနာ​သေ​ရ​လေ​၏​။


နေရ​သည် သား​ကိရှ​ကို​ရ​၏​။ ကိရှ​သည် သား​ရှောလု​ကို​ရ​၏​။ ရှောလု​သည် သား​ယောနသန်​၊ မေလခိရွှ​၊ အဘိနဒပ်​၊ ဣရှဗာလ တို့​ကို​ရ​၏​။


ဒါဝိဒ်​သည် နံနက်​စောစောထ​၍ မိမိ​သိုးအုပ်​ကို သိုးထိန်း​တစ်​ဦး​နှင့် အပ်ထား​ခဲ့​ပြီးလျှင် ဖခင်​ယေရှဲ​မှာလိုက်​သည့်​အတိုင်း စားစရာ​များ​ကို ယူ​၍ ထွက်သွား​၏​။ သူ​သည် တပ်စခန်း​သို့​ရောက်​သောအခါ စစ်သည်​တို့​သည် စစ်မြေပြင်​သို့ ချီတက်​ပြီး စစ်​ငြာသံ​ပေး​လျက်


ဖိလိတ္တိ​လူစွမ်းကောင်း​ကို တိုက်ခိုက်​ရန် ထွက်သွား​သော​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ကြည့်​ပြီး စစ်သူကြီး​အာဗနာ​အား “​အာဗနာ​၊ ဤ​လူငယ်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် အာဗနာ​က “​အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​မ​သိ​ပါ​”​ဟု လျှောက်​၏​။


ဒါဝိဒ်​သည် သူလျှို​တို့​ကို စေလွှတ်​စုံစမ်း​စေ​ရာ ရှောလု​မင်းကြီး အမှန်ပင်​ရောက်​နေ​ကြောင်း​ကို သိ​ရ​လေ​၏​။


ကိရှ​အမည်​ရှိ​သော ဗင်္ယာမိန်​အမျိုးသား​တစ်​ယောက်​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုးသား​အာဖိ​၏​တီ​၊ ဗေခေါရတ်​၏​မြစ်​၊ ဇေရော်​၏​မြေး​၊ အဗျေလ​၏​သား​ဖြစ်​၏​။ သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝ​သူ​တစ်ဦး​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ