၁ ဓမ္မရာဇဝင် 25:36 - မြန်မာ့စံမီသမ္မာကျမ်36 အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version36 အဘိဂဲလသည်လည်းနာဗလထံသို့ပြန် လေ၏။ နာဗလကားမိမိ၏အိမ်တွင် ဘုရင့် ပွဲတော်တမျှခမ်းနားသည့်စားပွဲကြီးကို ကျင်းပလျက်နေ၏။ သူသည်သေရည်ယစ်မူး ကာပျော်ရွှင်လျက်ရှိသဖြင့် အဘိဂဲလ သည်သူ့အားနောက်တစ်နေ့နံနက်တိုင်အောင် အဘယ်အရာကိုမျှမပြောဘဲနေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version36 အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သောပွဲကို မိမိအိမ်၌ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက် နေသောကြောင့်၊ မိုးမလင်းမီ မယားသည် အလျှင်းမပြော။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ကိုယ်တော်သည် မိမိကိုဖိတ်ခေါ်ထားသောသူအား“သင်သည် ဧည့်ခံပွဲ၊ သို့မဟုတ် ညစာစားပွဲကိုကျင်းပသောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်နှင့်။ ထိုသို့ဖိတ်လျှင် သူတို့သည်လည်း သင့်ကိုပြန်ဖိတ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။