Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 25:30 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 ထာဝရဘုရား​သည် အကျွန်ုပ်​သခင့်​အဖို့ မိန့်​တော်မူ​ခဲ့​သော​ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​သည် အမှန်​ဖြစ်လာ​ပါစေသော​။ သခင့်​အား အစ္စရေး​လူမျိုး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 ထာ​ဝ​ရ​ဘု​ရား​သည်​မိမိ​က​တိ​ထား​တော်​မူ သ​မျှ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ​ကို အ​ရှင် အား​မု​ချ​ပေး​တော်​မူ​၍​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​ဘိ​သိက်​သွန်း​တော်​မူ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

30 ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၌ ကျေး​ဇူး​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 25:30
7 ပူးပေါင်းရင်းမြစ်များ  

ယခင် အကျွန်ုပ်​တို့​ကို ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။


ငါ​၏​အစေအပါး​ဒါဝိဒ်​ကို ငါ​ရှာတွေ့​၍ ငါ​၏​သန့်ရှင်း​သော​ဆီ​ဖြင့် သူ့​ကို​ဘိသိက်ပေး​ပြီ​။


ယခုမှာ သင့်​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း သင်​မ​စောင့်ထိန်း​သောကြောင့် သင်​၏​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် မိမိ​စိတ်​နှင့်​တွေ့​သော​သူ​ကို ရှာ​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ထို​သူ​အား မိမိ​လူမျိုး​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။


ထိုအခါ ရှမွေလ​က “​ယနေ့ ထာဝရဘုရား​သည် သင့်​လက်​ထဲရှိ အစ္စရေး​နိုင်ငံ​တော်​ကို ရုပ်သိမ်း​ပြီး သင့်​ထက်​ကောင်း​သော​သင့်​အိမ်နီးချင်း​အား ပေးအပ်​တော်မူ​ပြီ​။


“​သင်​မ​စိုးရိမ်​နှင့်​။ ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​သည် သင့်​အသက်​ကို ရန်ရှာ​နိုင်​မည်​မ​ဟုတ်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင် ဖြစ်​ရ​လိမ့်မည်​။ ငါ​သည် သင့်​အတွက် လက်ရုံး​သဖွယ်​ဖြစ်​မည်​။ ဤသည်ကို ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​လည်း သိ​ပါ​၏​”​ဟု ဆို​၏​။


သို့ဖြစ်၍ သင်​သည် နောင်လာမည့် ငါ့​သားစဉ်မြေးဆက်​တို့​ကို မ​သုတ်သင်​၊ ငါ့​နာမ​ကို​လည်း ငါ့​ဖခင်​၏​အိမ်ထောင်စု​မှ မ​ပယ်ရှား​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​၌ ကျိန်ဆို​ပါ​လော့​”​ဟု ဆို​လျှင်


သို့မှ အကျွန်ုပ်​သခင်​သည် အကြောင်းမဲ့​လူသတ်​ခြင်း​၊ ကိုယ်တိုင်​လက်စားချေ​ခြင်း​ကြောင့် စိတ်သောက​ရောက်​စရာ​၊ စိတ်အနှောင့်အယှက်​ဖြစ်စရာ​အကြောင်း မ​ရှိ​ဘဲ​နေ​လိမ့်မည်​။ ထိုသို့ ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင်​ကို ကောင်းစား​စေ​သောအခါ သခင့်​ကျွန်မ​ကို​လည်း သတိရ​ပါ​”​ဟု ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ