၁ ဓမ္မရာဇဝင် 25:18 - မြန်မာ့စံမီသမ္မာကျမ်18 ထိုအခါ အဘိဂဲလသည် မုန့်အလုံးနှစ်ရာ၊ စပျစ်ဝိုင်နှစ်ဘူး၊ ခုတ်ထစ်ပြီးသားသိုးငါးကောင်၊ မုန့်ဆန်းငါးစေအာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ သဖန်းပျဉ်အချပ်နှစ်ရာ တို့ကို အလျင်အမြန်ယူ၍ မြည်းများပေါ်တင်ပြီးလျှင် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 အဘိဂဲလသည်မုန့်အလုံးနှစ်ရာ၊ စပျစ်ရည် အပြည့်ရှိသောသားရေဘူးနှစ်ဘူး၊ သိုးကင် ငါးကောင်၊ ပေါက်ပေါက်နှစ်တင်း၊ စပျစ်သီးခြောက် အပြွတ်တစ်ရာနှင့်သင်္ဘောသဖန်းသီးပျဉ် အပြားနှစ်ရာကို အလျင်အမြန်စုဆောင်း ပြီးလျှင်မြည်းများအပေါ်သို့တင်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန်ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
ရပ်နီးနေသူများသာမက ရပ်ဝေးနေသူများဖြစ်သော ဣသခါအမျိုး၊ ဇာဗုလုန်အမျိုး၊ နဿလိအမျိုး တို့သည်လည်း မုန့်ညက်နှင့်လုပ်သောအစားအစာများ၊ သဖန်းပျဉ်များ၊ စပျစ်သီးခြောက်များ၊ စပျစ်ဝိုင်၊ ဆီ၊ နွားသား၊ သိုးသား စသောအစားအစာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွား တို့ဖြင့် အမြောက်အမြားတင်ဆောင်လာကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့ အလွန်ဝမ်းမြောက်ဝမ်းသာကြလေ၏။