Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 24:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 သို့ဖြစ်၍ သင်​သည် နောင်လာမည့် ငါ့​သားစဉ်မြေးဆက်​တို့​ကို မ​သုတ်သင်​၊ ငါ့​နာမ​ကို​လည်း ငါ့​ဖခင်​၏​အိမ်ထောင်စု​မှ မ​ပယ်ရှား​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​၌ ကျိန်ဆို​ပါ​လော့​”​ဟု ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 သို့​ရာ​တွင်​ငါ​၏​နာမည်​နှင့်​ငါ့​အိမ်​ထောင်​စု​နာ မည်​သည်​လုံး​ဝ​ပျောက်​ကွယ်​၍​မ​သွား​စေ​ရန် သင်​သည်​ငါ့​သား​မြေး​တို့​အား​အ​သက်​ချမ်း သာ​ပေး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ငါ့​အား​က​တိ​ပြု​ပါ လော့'' ဟု​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 သို့​ဖြစ်၍ သင်​သည် ငါ၏​သား​စဉ်​မြေး​ဆက်​တို့​ကို မ​သုတ်​သင်၊ ငါ့​အ​ဆွေ​အ​မျိုး​ထဲ​က ငါ၏​နာ​မ​ကို မ​ပယ်​ရှင်း​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ငါ့​အား​ကျိန်​ဆို​ခြင်း​ကို ပြု​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 24:21
9 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ သင်​သည် ငါ​မှစ၍ ငါ့​သား​၊ ငါ့​သားမြေးအစဉ်အဆက်​တို့​ကို​မ​လှည့်စား​၊ သင့်​အား ငါ​မေတ္တာ​ထား​သကဲ့သို့ သင်​သည်​လည်း ငါ့​အား​လည်းကောင်း​၊ သင်​တည်းခိုနေထိုင်​သော​ပြည်​အား​လည်းကောင်း မေတ္တာထား​မည်​ဟု ယခု ဤ​နေရာ​တွင် ဘုရားသခင်​ကို​တိုင်တည်​၍ ကျိန်ဆို​ပါ​လော့​”​ဟု မိန့်ဆို​၏​။


ထို့နောက် လာဗန်​က “​ယနေ့​တွင် ဤ​ကျောက်ပုံ​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​၏​”​ဟု ဆို​၏​။ ထို့ကြောင့် ၎င်း​၏​အမည်​ကို ဂိလဒ် ဟူ၍​လည်းကောင်း​၊


အာဗြဟံ​၏​ဘုရား​၊ နာခေါ်​၏​ဘုရား​၊ သူ​တို့​ဖခင်​၏​ဘုရား​သည် ငါ​တို့​ကြား​၌ တရားစီရင်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ယာကုပ်​သည်​လည်း မိမိ​ဖခင်​ဣဇက်​ကြောက်ရွံ့​သော​ဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​လေ​၏​။


လူ​တို့​သည် မိမိ​တို့​ထက် ကြီးမြတ်​သော​သူ​ကို တိုင်တည်​ပြောဆို​ကြ​ပြီး ထိုသို့​အတည်ပြု​ပြောဆို​သော​ကတိ​သစ္စာ​သည် အငြင်းပွား​မှု​အားလုံး​ကို ရပ်စဲ​စေ​တတ်​၏။


“​သင်​မ​စိုးရိမ်​နှင့်​။ ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​သည် သင့်​အသက်​ကို ရန်ရှာ​နိုင်​မည်​မ​ဟုတ်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင် ဖြစ်​ရ​လိမ့်မည်​။ ငါ​သည် သင့်​အတွက် လက်ရုံး​သဖွယ်​ဖြစ်​မည်​။ ဤသည်ကို ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​လည်း သိ​ပါ​၏​”​ဟု ဆို​၏​။


သခင့်​ကျွန်မ​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သခင်​သည် ထာဝရဘုရား​အဖို့ စစ်တိုက်​သော​သူ​ဖြစ်​ပါ​၏​။ သခင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သခင်​၌ မည်သည့်​မကောင်းမှု​ကို​မျှ မ​တွေ့​ရ​ပါ​။ သို့ဖြစ်၍​ထာဝရဘုရား​သည် အကျွန်ုပ်​သခင်​၏​အမျိုးအနွယ်​ကို တည်မြဲ​စေ​တော်မူ​ပါစေသော​။


ထာဝရဘုရား​သည် အကျွန်ုပ်​သခင့်​အဖို့ မိန့်​တော်မူ​ခဲ့​သော​ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​သည် အမှန်​ဖြစ်လာ​ပါစေသော​။ သခင့်​အား အစ္စရေး​လူမျိုး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​ပါစေသော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ