Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 23:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ကိလ​မြို့​သို့​ချီသွား​၍ ဒါဝိဒ်​နှင့်​သူ​၏​လူ​များ​ကို ဝိုင်း​ထား​ပြီး တိုက်ခိုက်​ရန် ရှောလု​မင်းကြီး​သည် စစ်သည်​အပေါင်း​တို့​ကို စုဝေး​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ကိ​လ​မြို့​သို့​စစ်​ချီ၍ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ဝိုင်း​ထား​ခြင်း​ငှာ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 23:8
4 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ယဇ်ပုရောဟိတ်​အဗျာသာ​ကို​လည်း ရှင်ဘုရင်​က “​သင့်​မြေ​ရှိ​ရာ အာနသုတ်​မြို့​ကို ပြန်သွား​ပါ​။ သင်​သည်​လည်း သေသင့်သောသူ​ဖြစ်​၏​။ သို့သော် သင်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရှေ့​တော်​တွင် ဘုရားရှင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ထမ်း​ရ​သူ​၊ ခမည်းတော်​ခံရ​သော​ဒုက္ခဆင်းရဲ​အပေါင်း​ကို မျှဝေခံစား​ပေး​ခဲ့​သူ​ဖြစ်​သောကြောင့် ယနေ့​တွင် သင့်​ကို ငါ​မ​သတ်​”​ဟု မိန့်ဆို​ပြီးနောက်​တွင်


ထို့နောက် ဒါဝိဒ်​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​ကြောင့် ရှောလု​မင်းကြီး​သည် ကိလ​မြို့​သို့ ချီလာ​၍ မြို့​ကို​ဖျက်ဆီး​ရန် ကြံစည်​နေ​သည်​ကို ကိုယ်တော်​၏​အစေအပါး ကြားသိ​ရ​ပါ​၏​။


ဒါဝိဒ်​သည် ကိလ​မြို့​သို့​ရောက်လာ​ကြောင်း​ကို ရှောလု​မင်းကြီး​ကြား​သောအခါ “​ဘုရားသခင်​သည် ဒါဝိဒ်​ကို ငါ့​လက်​သို့​အပ်​တော်မူ​ပြီ​။ သူ​သည် မြို့​တံခါး​များ​၊ ကန့်လန့်ကျင်​များ အခိုင်အမာ​ရှိ​သော​မြို့​ထဲသို့​ဝင်​ပြီး ကိုယ့်ကိုယ်ကိုယ်​ပိတ်​မိ​စေ​ပြီ​”​ဟု ဆို​ပြီး


ရှောလု​မင်းကြီး မကောင်း​ကြံစည်​နေ​သည်​ကို ဒါဝိဒ်​သိ​လျှင် ယဇ်ပုရောဟိတ်​အဗျာသာ​အား “​ဧဖုဒ်​ကို ယူ​ခဲ့​ပါ​”​ဟု မှာလိုက်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ