၁ ဓမ္မရာဇဝင် 23:25 - မြန်မာ့စံမီသမ္မာကျမ်25 ရှောလုမင်းကြီးနှင့်သူ့နောက်လိုက်တို့သည် ဒါဝိဒ်အား ရှာဖွေရန် ထွက်လာကြောင်းကို ဒါဝိဒ်ကြားသိလျှင် မောနတောကန္တာရရှိ ကျောက်ဆောင်သို့ သွား၍ နေထိုင်၏။ ထိုသတင်းကို ရှောလုမင်းကြီး ကြားသိသောအခါ ဒါဝိဒ်ရှိရာ မောနတောကန္တာရသို့ လိုက်သွား၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 ရှောလုနှင့်စစ်သည်တပ်သားတို့သည်ဒါဝိဒ် ကိုရှာရန်ထွက်လာကြ၏။ သို့ရာတွင်ထို အကြောင်းကိုဒါဝိဒ်ကြားသိရလျှင် မောန တောကန္တာရရှိကျောက်တောင်သို့သွားရောက် ပုန်းအောင်းလေသည်။ ဤအကြောင်းကို ကြားသောအခါ ရှောလုသည်ဒါဝိဒ်ရှိ ရာသို့လိုက်၍ရှာတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version25 ရှောလုသည်လည်း လူများနှင့်တကွ လာ၍ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင်၊ ကျောက်ကြားမှထွက်သွား၍ မောနတော၌နေ၏။ ရှောလုကြားပြန်သော်၊ မောနတော၌ ဒါဝိဒ်ကိုလိုက်၍ ရှာ၏။ အခန်းကိုကြည့်ပါ။ |
ရှောလုမင်းကြီးသည် တောင်စောင်းတစ်ဘက်တွင် ရောက်နေချိန်၌ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် တောင်စောင်းအခြားတစ်ဘက်တွင် ရှိနေ၏။ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှ အလျင်အမြန်ရှောင်သွားရ၏။ ရှောလုမင်းကြီးနှင့်သူ့နောက်လိုက်တို့သည် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကို ဖမ်းမိခါနီးဆဲဆဲတွင်