Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 21:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို့ကြောင့် သူ​တို့​ရှေ့​တွင် စိတ်မနှံ့သူ အရူး​ကဲ့သို့ အယောင်ဆောင်​ရ​လေ​၏​။ သူ​သည် တံခါးရွက်​တို့​ကို ကုတ်ခြစ်​ပြီး မုတ်ဆိတ်​များ​ပေါ် သွားရည်​များ စီးကျ​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ရူး​သွပ်​ဟန်​ဆောင်​လျက်​သူ​တို့​၏​ရှေ့​တွင် အ​ရူး​ကဲ့​သို့​ပြု​ပြီး​လျှင် တံ​ခါး​ရွက်​ပေါ် တွင်​ရေး​ခြစ်​၍​နေ​၏။ မိ​မိ​၏​မုတ်​ဆိတ်​ပေါ် မှာ​သွား​ရည်​ယို​ကျ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ရူး​သွပ်​ဟန်​ဆောင်၍ သူ​တို့​ရှေ့​မှာ အ​ရူး​ကဲ့​သို့​ပြု​လျက်၊ တံ​ခါး​ရွက်​ပေါ်၌ ရေး​သား၍ မိ​မိ​တံ​တွေး​ကို မုတ်​ဆိတ်​တွင် ယို​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 21:13
7 ပူးပေါင်းရင်းမြစ်များ  

လူ​ကို​ကြောက်ရွံ့​ခြင်း​သည် ထောင်ချောက်​ဖြစ်​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား လုံခြုံ​စွာ​နေ​ရ​၏​။


အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်​ခြင်း​သည် ပညာရှိ​သော​သူ​ကို ရူးမိုက်​စေ​တတ်​၍ တံစိုးလက်ဆောင်​သည် စိတ်နှလုံး​ကို ပျက်စီး​စေ​တတ်​၏​။


ထာဝရဘုရား​က “​ငါ​သာလျှင် သင်​တို့​ကို​နှစ်သိမ့်​ပေး​သော​သူ​ဖြစ်​၏​။ သေမျိုး​ဖြစ်​သော​လူ​၊ မြက်ပင်​ကဲ့သို့​ဖြစ်​သည့်​လူသား​ကို သင်​အဘယ်ကြောင့်​ကြောက်ရွံ့​သနည်း​။


ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ခေါင်း​၊ သို့မဟုတ် မေး​၌ အနာ​ဖြစ်​လျှင်


ရှောလု​မင်းကြီး​နှင့်တကွ အစ္စရေး​စစ်သည်​အားလုံး​တို့​သည် ထို​ဖိလိတ္တိ​ပြည်သား​၏​စကား​ကို ကြား​သောအခါ တုန်လှုပ်ချောက်ချား​လျက် အလွန်​ကြောက်ရွံ့​ကြ​ကုန်​၏​။


ထို့ကြောင့် အာခိတ်​မင်းကြီး​က အမှုထမ်း​တို့​အား “​ကြည့်​ပါ​။ ဤ​သူ ရူး​နေ​သည်​ကို သင်​တို့​မြင်​သလော​။ အဘယ်ကြောင့် ငါ့​ထံ ခေါ်လာ​ကြ​သနည်း​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ