Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 20:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ယောနသန်​သည် ဒါဝိဒ်​ကို မိမိ​ကိုယ်​နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​ကို ချစ်​သော​စိတ်​ဖြင့် ထပ်မံ​ကျိန်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ယော​န​သန်​သည်​ဒါ​ဝိဒ်​အား​ကိုယ်​နှင့်​အ​မျှ ချစ်​သ​ဖြင့် မိ​မိ​ကို​လည်း​ချစ်​ရန်​က​တိ​ပြု စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 ကိုယ်​ဝိ​ညာဉ်​ကို ချစ်​သ​ကဲ့​သို့ ဒါ​ဝိဒ်​ကို​ချစ်​သော​ကြောင့်၊ ချစ်​သော​စိတ်​အား​ကြီး၍ ဒါ​ဝိဒ်​အား အ​ထပ်​ထပ်​ကျိန်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 20:17
7 ပူးပေါင်းရင်းမြစ်များ  

ငါ့​အစ်ကို​ယောနသန်​၊ သင့်​အဖို့ ငါ​ကြေကွဲ​ရ​ပါ​ပြီ​တကား​။ သင်​သည် ငါ့​အဖို့ အလွန်​နှစ်သက်ဖွယ်​ကောင်း​သော​သူ ဖြစ်​ခဲ့​ပါ​၏​။ သင် ငါ့​ကို​ချစ်​သော​အချစ်​မှာ​လည်း အံ့ဖွယ်​ဖြစ်​ပါ​၏​။ မိန်းမ​တို့ ချစ်​သော​အချစ်​ထက် သာလွန်​ပါ​၏​။


မိတ်ဆွေ​သည် အစဉ်အမြဲ ချစ်ခင်​တတ်​၏​။ ညီအစ်ကို​သည်​လည်း ဆင်းရဲဒုက္ခ​ရောက်​ချိန်​အတွက် မွေးဖွား​လာ​၏​။


အပေါင်းအသင်း​များ​သော​သူ​သည် ပျက်စီး​တတ်​၏​။ သို့ရာတွင် ညီအစ်ကို​ထက် ပို၍​ခင်တွယ်​တတ်​သော​မိတ်ဆွေ​လည်း ရှိ​၏​။


ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​က​လည်း သူ​တို့​နှင့်​သူ​တို့​၏​လူ​များ​အား “​ခါလဒဲ​လူမျိုး​တို့​ကို အစေခံ​ရ​မည်​ကို မ​ကြောက်​ကြ​နှင့်​။ ဤ​ပြည်​၌ နေထိုင်​ကြ​လော့​။ ဘေဘီလုံ​ဘုရင်​ကို အစေခံ​ကြ​လော့​။ သို့ပြုလျှင် သင်​တို့​ကောင်းစား​ရ​လိမ့်မည်​ဟု ကျိန်ဆို​ပြီးလျှင်


သင်​၏​မအေတူဖအေကွဲညီအစ်ကို​ဖြစ်စေ​၊ သင်​၏​သား​သမီး​ဖြစ်စေ​၊ သင်​၏​ရင်ခွင်​၌​ရှိ​သော​မယား​ဖြစ်စေ​၊ အရင်းနှီးဆုံး​မိတ်ဆွေ​ဖြစ်စေ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော​အခြား​ဘုရား​များ​ဖြစ်​သည့်


ဒါဝိဒ်​သည် ရှောလု​မင်းကြီး​နှင့်​စကား​ပြောဆို​ပြီး​နောက်​တွင် ယောနသန်​၏​စိတ်​သည် ဒါဝိဒ်​၏​စိတ်​နှင့်​ငြိတွယ်​သွား​ပြီး ယောနသန်​သည် ကိုယ်​နှင့်အမျှ ဒါဝိဒ်​ကို​ချစ်​လေ​၏​။


ယောနသန်​သည် ဒါဝိဒ်​ကို ကိုယ်​နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​နှင့်​ကတိသစ္စာ​ပြု​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ