၁ ဓမ္မရာဇဝင် 20:15 - မြန်မာ့စံမီသမ္မာကျမ်15 ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေမျက်နှာပြင်မှ သုတ်သင်ပယ်ရှင်းတော်မူသည့်အခါ ငါ၏အိမ်သူအိမ်သားတို့အား သင်၏မေတ္တာကရုဏာကို မဖြတ်ဘဲ ဆက်၍ပြသပေးပါ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version15 သင်၏ရန်သူအပေါင်းကိုထာဝရဘုရား သုတ်သင်ပယ်ရှင်းတော်မူသောအခါ၌ လည်း ကျွန်ုပ်၏အိမ်ထောင်စုသားတို့အပေါ် တွင်အစဉ်အမြဲသစ္စာစောင့်ပါလော့။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version15 ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။