Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 2:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ထာဝရဘုရား​သည် ဟန္န​ကို ကြည့်ရှုထောက်မ​တော်မူ​သဖြင့် သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​သုံး​ယောက်​၊ သမီး​နှစ်​ယောက်​ကို ထပ်မံ​မွေးဖွား​လေ​၏​။ သူငယ်​ရှမွေလ​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ကြီးပြင်း​လာ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ သား​သုံး​ယောက်၊ သ​မီး​နှစ်​ယောက်​တို့​ကို ဖွား​မြင်​လေ၏။ သူ​ငယ်​ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​ပွား​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 2:21
11 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် မိမိ​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း စာရာ​ကို​အကြည့်အရှု​ကြွလာ​တော်မူ​၏​။ ထာဝရဘုရား​သည် ကတိပေး​တော်မူ​ခဲ့​သည့်​အတိုင်း စာရာ​၌​ပြု​တော်မူ​သဖြင့်


သားသမီး​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​ဖြစ်​ကြ​၏​။ ဖွားမြင်​သော​ရင်သွေး​သည် ဆုလာဘ်​တော်​ဖြစ်​၏​။


ထိုသို့​ပြု​လျှင် သင်​သည် ဘုရားသခင်​ရှေ့​၊ လူ​တို့​ရှေ့​၌​မျက်နှာရ​၍ ကောင်း​သော​ဉာဏ်စွမ်း​နှင့်​ပြည့်စုံ​လိမ့်မည်​။


“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး


သူငယ်​သည်​လည်း​ကြီးထွား​၍ စိတ်​ဝိညာဉ်​ကြံ့ခိုင်​လာ​ကာ အစ္စရေး​လူမျိုး​ရှေ့၌ ထင်ရှား​သည့်​နေ့ရက်​တိုင်အောင် တော​ကန္တာရ​၌​နေ​လေ​၏။


သူငယ်​သည်​လည်း​ကြီးထွား​၍ ကြံ့ခိုင်​သန်စွမ်း​လာ​ကာ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​၏။ ဘုရားသခင်​၏​ကျေးဇူး​တော်​သည်​လည်း သူ့​အပေါ်၌​တည်​လေ​၏။


ယေရှု​သည် ကာယ​၊ ဉာဏ​ကြီးထွား​တိုးပွား​လျက် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့၌ မျက်နှာရ​တော်မူ​၏။


ထို့နောက်မှ မာနော်​၏​မယား​သည် သားယောက်ျား​ကို ဖွားမြင်​၍ သူ့​ကို ရှံဆုန်​ဟု​အမည်​မှည့်ခေါ်​၏​။ သူငယ်​သည် ကြီးပြင်း​လာ​၏​။ ထာဝရဘုရား​သည်​လည်း သူ့​ကို ကောင်းချီးပေး​တော်မူ​၏​။


သူငယ်​ရှမွေလ​သည် တစ်ဖြည်းဖြည်း​ကြီးပြင်း​လာ​လျက် ထာဝရဘုရား​ရှေ့​၊ လူ​တို့​ရှေ့​၌ မျက်နှာရ​လေ​၏​။


ရှမွေလ​သည် ကြီးပြင်း​လာ​၍ ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​သဖြင့် သူ​၏​စကား​တစ်​ခွန်း​ကို​မျှ အချည်းနှီး​ဖြစ်စေ​တော်​မ​မူ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ