Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 2:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 လူ​တို့​အတွက် ယဇ်ပုရောဟိတ်​တို့​ပြု​ပေး​ရ​သော​ထုံးစံ​ရှိ​သည့်​အတိုင်း တစ်စုံတစ်ယောက်​သည် ယဇ်​ပူဇော်​သောအခါ အသား​ကို​ပြုတ်​နေစဉ်​မှာ​ပင် ယဇ်ပုရောဟိတ်​၏​ငယ်သား​သည် သုံးခွခက်ရင်း​ကို​ကိုင်​လျက်​ရောက်လာ​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 လူ​တို့​ထံ​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​တောင်း​ဆို​ပိုင်​ခွင့် နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ဘဲ​ယဇ်​ပူ​ဇော်​နေ​သူ​ထံ​သို့ မိ​မိ တို့​၏​အ​စေ​ခံ​ကို​သုံး​ခွ​ခက်​ရင်း​နှင့်​စေ​လွှတ် တတ်​ကြ​၏။ ထို​အ​စေ​ခံ​သည်​အိုး​ကင်း​တွင် ချက်​ပြုတ်​နေ​ဆဲ​အ​သား​ကို၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 လူ​များ​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​ပြု​သော ထုံး​စံ​ဟူ​မူ​ကား၊ ယဇ်​ပူ​ဇော်၍ အ​မဲ​သား​ကို ပြုတ်​စဉ်​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​တစ်​ယောက်​သည်​လာ၍ သုံး​ချောင်း​ရှိ​သော အ​မဲ​ချိတ်​ကို ကိုင်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 2:13
5 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က ငါ့​အား “​ဤ​နေရာ​သည် ယဇ်ပုရောဟိတ်​တို့​က အပြစ်ဒဏ်ဖြေရာယဇ်​နှင့် အပြစ်ဖြေရာယဇ်​တို့​ကို ပြုတ်​ရ​သော​နေရာ​၊ ဘောဇဉ်ပူဇော်သက္ကာ​ကို ဖုတ်​ရာ​နေရာ​ဖြစ်​၏​။ လူ​တို့​ထံ သန့်ရှင်း​ခြင်း​ကူး​မ​သွား​စေရန် ထို​ယဇ်​တို့​ကို အပြင်​ဝင်း​သို့ ယူဆောင်​မ​သွား​ရ”​ဟု ဆို​၏​။


ဒယ်​၊ ကရား​၊ ခွက်​၊ အိုး အစရှိ​သည်​တို့​ထဲသို့ ထိုးဆယ်​၍ ခက်ရင်း​၌​ပါလာ​သမျှ​သော​အသား​တို့​ကို ယဇ်ပုရောဟိတ်​အတွက် ယူသွား​လေ့​ရှိ​၏​။ သူ​တို့​သည် ရှိလော​မြို့​သို့​လာရောက်​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ထိုသို့ ပြုမူ​လေ့​ရှိ​၏​။


ဧလိ​သည်​လည်း အသက်အရွယ်​အိုမင်း​လာ​၏​။ သူ့​သား​တို့​သည် အစ္စရေး​တစ်မျိုးသားလုံး​တို့​အား ပြု​သမျှ​ကို​လည်းကောင်း​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​တွင် အစေခံ​သော​အမျိုးသမီး​တို့​နှင့်အတူ အိပ်​သည်​ကို​လည်းကောင်း ကြားသိ​လေ​၏​။


ငါ​ကိန်းဝပ်​ရာ​အရပ်​၌ ပူဇော်​ရန် ငါ​မိန့်မှာ​ထား​သော​ယဇ်​နှင့် ပူဇော်သက္ကာ​ကို အဘယ်ကြောင့် မထီမဲ့မြင်ပြု​ကြ​သနည်း​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ပူဇော်​သမျှ​တို့​ထဲမှ အကောင်းဆုံး​ကို​ယူ​၍ သင်​တို့​ကိုယ်ကို​ဝလင်​စေ​ခြင်း​ဖြင့် သင်​သည် သင့်​သား​တို့​ကို ငါ့​ထက်​ပို၍ အဘယ်ကြောင့်​ဂုဏ်ပြုချီးမြှောက်​သနည်း’​ဟု မိန့်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ