Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 17:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ဒါဝိဒ်​သည် နံနက်​စောစောထ​၍ မိမိ​သိုးအုပ်​ကို သိုးထိန်း​တစ်​ဦး​နှင့် အပ်ထား​ခဲ့​ပြီးလျှင် ဖခင်​ယေရှဲ​မှာလိုက်​သည့်​အတိုင်း စားစရာ​များ​ကို ယူ​၍ ထွက်သွား​၏​။ သူ​သည် တပ်စခန်း​သို့​ရောက်​သောအခါ စစ်သည်​တို့​သည် စစ်မြေပြင်​သို့ ချီတက်​ပြီး စစ်​ငြာသံ​ပေး​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော​ထ ၍ သိုး​တို့​ကို​အ​ခြား​လူ​တစ်​ယောက်​လက်​တွင် အပ်​ပြီး​နောက် အ​စား​အ​စာ​များ​ကို​ယူ​ကာ ယေ​ရှဲ​မှာ​ကြား​သည့်​အ​တိုင်း​ထွက်​ခွာ​သွား လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် ဖိလိတ္တိ​အ​မျိုး​သား​တို့​စစ်​တိုက်​ရန် ကြွေး​ကြော်​ကာ စစ်​မြေ​ပြင်​သို့​ထွက်​ခွာ​လာ ချိန်​၌​ရောက်​ရှိ​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 ဒါ​ဝိဒ်​သည် နံ​နက်​စော​စော​ထ၍ သိုး​တို့​ကို သိုး​ထိန်း၌​အပ်​ပြီး​လျှင်၊ အ​ဘ​မှာ​လိုက်​သည်​အ​တိုင်း စား​စ​ရာ​ကို​ယူ​သွား၍၊ ရိ​က္ခာ​လှည်း​ထား​ရာ​သို့ ရောက်​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 17:20
9 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား သင်​၏​ရန်သူ​တို့​သည် ကတုတ်​တည်​၍ သင့်​ကို​ဝိုင်းရံ​လျက် အဘက်ဘက်​မှ သင့်​ကို​ပိတ်ဆို့​ထား​ကာ


ယောရှု​သည် နံနက်​စောစောထ​ပြီး အစ္စရေး​အမျိုးသား​အပေါင်း​တို့​နှင့်အတူ ရှိတ္တိမ်​အရပ်​မှ​ခရီးပြု​၍ ဂျော်ဒန်​မြစ်​သို့​ရောက်လာ​ကြ​၏​။ မြစ်​ကို​မ​ကူး​သေး​ဘဲ ထို​မြစ်​နား​၌ စခန်းချ​ကြ​၏​။


ရှမွေလ​သည် နံနက်​စောစောထ​၍ ရှောလု​မင်းကြီး​ကို သွား​တွေ့​၏​။ သို့သော် တစ်စုံတစ်ယောက်​က ရှမွေလ​အား “ရှောလု​မင်းကြီး​သည် ကရမေလ​မြို့​သို့​သွား​၍ မိမိ​အဖို့ ဂုဏ်ပြု​ကျောက်တိုင်​ကို​စိုက်ထူ​ပြီး လှည့်လည်​သွားလာ​ကာ ဂိလဂါလ​မြို့​ဘက်​သို့ ဆင်းသွား​ပြီ”​ဟု ကြားပြော​လေ​၏​။


ရှောလု​မင်းကြီး​မှစ၍ ဒါဝိဒ်​၏​အစ်ကို​တို့​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် ဧလာ​ချိုင့်​၌ စခန်းချ​နေ​ကြ​၏​။


အစ္စရေး​လူမျိုး​နှင့် ဖိလိတ္တိ​လူမျိုး​တို့​သည် မျက်နှာချင်းဆိုင် စစ်ခင်းကျင်း​နေ​ကြ​၏​။


ထိုသို့ ဒါဝိဒ်​နှင့်​လူ​တို့ ပြောဆို​နေ​ကြ​သည်​ကို ဒါဝိဒ်​၏​အစ်ကို​အကြီးဆုံး​ဖြစ်​သူ ဧလျာဘ​ကြားသိ​လျှင် ဒါဝိဒ်​ကို​အမျက်ထွက်​၍ “​သင် အဘယ်ကြောင့် ဤ​နေရာ​သို့ ဆင်းလာ​သနည်း​။ တောကန္တာရ​မှ သိုး​အနည်းငယ်​ကို မည်သူ​နှင့် ထားခဲ့​သနည်း​။ သင်​၌​မာန်မာန​ရှိ​ကြောင်း​၊ မကောင်း​သော​စိတ်ကူး​ရှိ​နေ​ကြောင်း ငါ​သိ​၏​။ တိုက်ပွဲ​ကို ကြည့်​လို​၍ သင်​လာ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ပြောဆို​လေ​၏​။


ထိုအခါ ဒါဝိဒ်​သည် ထ​၍ ရှောလု​မင်းကြီး စခန်းချ​ရာ​နေရာ​သို့​သွား​လျှင် ရှောလု​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖြစ်​သော နေရ​၏​သား​အာဗနာ​တို့ အိပ်​သော​နေရာ​ကို တွေ့​လေ​၏​။ ရှောလု​မင်းကြီး​သည် တပ်သား​များ​ဝိုင်းရံ​ထား​သော​တပ်စခန်း​အလယ်​တွင် အိပ်​နေ​၏​။


ထို့ကြောင့် ဒါဝိဒ်​နှင့် အဘိရှဲ​သည် ညအချိန်​တွင် တပ်စခန်း​သို့ ဆင်းသွား​ရာ ရှောလု​သည် စခန်း​တွင်း​အိပ်​နေ​ပြီး သူ​၏​လှံတံ​ကို သူ့​ခေါင်းရင်း မြေကြီး​ပေါ်တွင် ထိုးစိုက်​ထား​သည်​ကို တွေ့​ရ​၏​။ အာဗနာ​နှင့် တပ်သား​တို့​သည်​လည်း သူ့​ကို ဝိုင်းရံ​လျက် အိပ်​နေ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ