Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 14:39 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

39 အစ္စရေး​လူမျိုး​၏​ကယ်တင်ရှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ့​သား​ယောနသန်​ပင် ဖြစ်​စေ​ကာ​မူ မုချ​အသတ်​ခံရ​မည်​”​ဟု ဆို​၏​။ သို့သော် မည်သူ​တစ်ဦးတစ်ယောက်​မျှ သူ့​ကို ပြန်​၍​မ​လျှောက်တင်​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

39 အပြစ်​ရှိ​သူ​သည်​ငါ​၏​သား​ယော​န​သန်​ပင် ဖြစ်​စေ​ကာ​မူ​သေ​ဒဏ်​ခံ​ရ​လိမ့်​မည်​ဖြစ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကတိ​ပြု​ပါ ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​အ​ဘယ်​သူ မျှ​ပြန်​လည်​လျှောက်​ထား​ခြင်း​မ​ပြု​ကြ သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

39 ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​သား ယော​န​သန် ဖြစ်​သော်​လည်း၊ ဆက်​ဆက် သေ​ရ​မည်​ဟု​ဆို​သော်၊ အ​ဘယ်​သူ​မျှ ပြန်၍​မ​လျှောက်​ဝံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 14:39
10 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ချမ်းသာ​သော​သူ​ကို အလွန်​အမျက်ထွက်​ပြီး နာသန်​အား “​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ ထိုသို့​ပြု​သော​သူ​သည် အမှန်ပင် သေ​ရ​မည်​။


ထိုအခါ ရှင်ဘုရင်​က ယွာဘ​အား “​ဤ​အမှု​ကို​ငါ​ပြု​မည်​။ ယခု သွား​၍ သား​တော်​အဗရှလုံ​ကို ခေါ်လာ​ပါ​လော့​”​ဟု မိန့်​တော်မူ​လျှင်


ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​ဖြစ်စေ​၊ ကောင်း​သော​သူ​နှင့် မကောင်း​သော​သူ​ဖြစ်စေ​၊ စင်ကြယ်​သော​သူ​နှင့် မစင်ကြယ်​သော​သူ​ဖြစ်စေ​၊ ယဇ်ပူဇော်​သော​သူ​နှင့် ယဇ်​မ​ပူဇော်​သော​သူ​ဖြစ်စေ​၊ သူတော်ကောင်း​နှင့် အပြစ်ပြု​သော​သူ​ဖြစ်စေ​၊ ကျိန်ဆို​သော​သူ​နှင့် ကျိန်ဆို​ခြင်း​ကို​ကြောက်​သော​သူ​ဖြစ်စေ အားလုံး​သည် အားလုံး​နည်းတူ တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​၏​။


ရှောလု​မင်းကြီး​က လူ​တို့​အား “​နေဝင်ချိန်​အထိ ရန်သူ​တို့​ကို လက်တုံ့ပြန်​မ​ပြီး​မ​ချင်း အစာ​စား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​”​ဟု ကျိန်ဆို​စေ​သဖြင့် မည်သူ​မျှ အစာ​မ​စား​ဝံ့​။ ထို့ကြောင့် ထို​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အလွန်​ဒုက္ခရောက်​ကြ​၏​။


ထို့ကြောင့် ရှောလု​မင်းကြီး​က အစ္စရေး​လူမျိုး​အပေါင်း​တို့​အား “​သင်​တို့​အားလုံး တစ်ဖက်မှာ​နေ​ပါ​။ ငါ​နှင့်​ငါ့​သား​ယောနသန်​သည် တစ်ဖက်​မှာ​နေ​မည်​”​ဟု ဆို​လျှင် လူ​တို့​က “​အရှင်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​”​ဟု ရှောလု​မင်းကြီး​အား လျှောက်တင်​ကြ​၏​။


ရှောလု​မင်းကြီး​က​လည်း “​ယောနသန်​၊ သင်​မုချ​သေ​ရ​မည်​။ သင်​မ​သေ​လျှင် ဘုရားသခင်​သည် ထိုထက်မက ငါ့​ကို ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။


ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​၏​စကား​ကို နားထောင်​၍ “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သူ​အသတ်ခံရ​မည်​မ​ဟုတ်​”​ဟု ကျိန်ဆို​၏​။


ယေရှဲ​၏​သား​သည် မြေကြီး​ပေါ်တွင် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​နှင့် သင့်​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ယခု​ချက်ချင်း သူ့​ကို လူ​လွှတ်​ခေါ်​စေ​။ သူ​သည် သေ​သင့်​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။


ထိုအခါ ရှင်ဘုရင်​က “​အဟိမလက်​၊ သင်​နှင့်​သင့်​ဖခင်​၏​အိမ်ထောင်​မိသားစု​အားလုံး မုချ​သေ​ရ​မည်​”​ဟု ဆို​ပြီး


ထိုအခါ ရှောလု​မင်းကြီး​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​အမှု​ကြောင့် သင့်​အပေါ် အပြစ်​မ​ရောက်​ရ​”​ဟု ထာဝရဘုရား​ကို တိုင်တည်​၍ ကျိန်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ