၁ ဓမ္မရာဇဝင် 14:36 - မြန်မာ့စံမီသမ္မာကျမ်36 ရှောလုမင်းကြီးက “ယခုည ဖိလိတ္တိလူမျိုးတို့ထံသွား၍ နံနက်မိုးလင်းသည့်တိုင်အောင် တိုက်ခိုက်သိမ်းယူကြစို့။ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်သူ မရှိစေနှင့်”ဟုဆိုလျှင် သူတို့က “အရှင် အလိုရှိသည့်အတိုင်း ပြုတော်မူပါ”ဟု ပြန်လျှောက်ကြ၏။ သို့သော် ယဇ်ပုရောဟိတ်က “ဦးစွာ ထာဝရဘုရားထံဆည်းကပ်ကြစို့”ဟု သူတို့အား ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version36 ရှောလုသည်မိမိ၏လူတို့အား``ငါတို့သည် ဖိလိတ္တိအမျိုးသားတို့အားညဥ့်အခါ သွား ရောက်တိုက်ခိုက်ကြကုန်အံ့။ မိုးလင်းသည်တိုင် အောင်သူတို့အားလုယက်၍တစ်ယောက်မကျန် သုတ်သင်ပစ်ကြကုန်အံ့'' ဟုမိန့်တော်မူလျှင် လူတို့က``စိတ်တော်ရှိသည်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြ၏။ သို့ရာတွင်ယဇ်ပုရောဟိတ်က``ငါတို့သည် ဦးစွာထာဝရဘုရားအားမေးမြန်း လျှောက်ထားကြကုန်အံ့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version36 တစ်ဖန် ရှောလုက၊ ညအခါ ငါတို့သည် ဖိလိတ္တိလူတို့ကိုလိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေဘဲ၊ မိုးလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟုစီရင်၍၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြကုန်အံ့ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |