Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 14:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 အကယ်၍ ‘​ငါ​တို့​ထံ​တက်လာ​ပါ​’​ဟု သူ​တို့​ဆို​လျှင် ငါ​တို့​တက်သွား​မည်​။ ဤသည်မှာ ထာဝရဘုရား​သည် သူ​တို့​ကို ငါ​တို့​လက်​သို့​အပ်​တော်မူ​ကြောင်း နိမိတ်လက္ခဏာ​ပင်​ဖြစ်​၏​”​ဟု ဆို​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 သို့​ရာ​တွင်​သူ​တို့​က​မိ​မိ​တို့​ထံ​သို့​လာ ရန်​ခေါ်​ကြ​လျှင်​မူ​ကား ငါ​တို့​သည်​သူ​တို့ ရှိ​ရာ​သို့​သွား​မည်။ ဤ​သို့​ခေါ်​ခြင်း​သည် ငါ​တို့​အောင်​ပွဲ​ရ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မှတ်​လက္ခ​ဏာ ဖြစ်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 သို့​မ​ဟုတ်၊ လာ​ကြ​ဟု​ဆို​လျှင် သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ၏။ ထို​သို့​သော ပု​ပ္ပ​နိ​မိတ်​ရှိ​ရ၏​ဟု ဆို​သည်​နှင့်​အ​ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 14:10
8 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် မိန်းကလေး​တစ်​ဦး​အား ‘​သင်​၏​ရေအိုး​ကို​ချ​၍ အကျွန်ုပ်​အား​ရေသောက်​ခွင့်​ပေး​ပါ​’​ဟု ဆို​သောအခါ သူ​က ‘​သောက်​ပါ​။ သင်​၏​ကုလားအုတ်​တို့​ကို​လည်း ကျွန်မ​ရေတိုက်​ပေး​ပါ​မည်​’​ဟု ဆို​လျှင် ထို​သူ​သည် ကိုယ်တော်​၏​အစေအပါး​ဣဇက်​အတွက် ကိုယ်တော်​ရွေးချယ်​ထား​သော​သူ​ဖြစ်​ပါစေသော​။ ဤသို့​အားဖြင့် ကိုယ်တော်​သည် အကျွန်ုပ်​၏​သခင်​အား မေတ္တာကရုဏာ​ပြ​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ရ​ပါ​လိမ့်မည်​”​ဟု ဆုတောင်း​လေ​၏​။


ထိုအခါ ဟေရှာယ​က “​ကတိထား​တော်မူ​သည့်​အတိုင်း ထာဝရဘုရား ပြု​တော်မူ​မည်​ဖြစ်​ကြောင်း ထာဝရဘုရား​ထံ​တော်​မှ သင့်​အတွက်​နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ သင်​သည် လှေကားထစ်​မှ အချိန်တိုင်း​အရိပ်​ကို ရှေ့​သို့ အထစ်​တစ်ဆယ်​တိုး​စေ​လို​သလော​၊ သို့မဟုတ် အနောက်​သို့ အထစ်​တစ်ဆယ်​ဆုတ်​သွား​စေ​လို​သလော​”​ဟု မေး​လျှင်


ဘုရားသခင်​က “​အကယ်စင်စစ် သင်​နှင့်အတူ​ငါ​ရှိ​မည်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ပြီးလျှင် ဤ​တောင်​ပေါ်၌ သင်​တို့​သည် ဘုရားသခင်​ကို ဝတ်ပြု​ရ​ကြ​လိမ့်မည်​။ ဤသည်ကား သင့်​ကို ငါ​စေလွှတ်​ကြောင်း လက္ခဏာသက်သေ​ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။


ဂိဒေါင်​က​လည်း ဘုရားသခင်​အား “​ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တို့​ကို အကျွန်ုပ်​လက်​အားဖြင့်​ကယ်တင်​တော်မူ​မည်​မှန်​လျှင်


သူ​တို့​ပြောဆို​သော​စကား​ကို​ကြား​သောအခါ သင်​သည် အားရှိ​သွား​လိမ့်မည်​။ ထို​တပ်စခန်း​ကို တိုက်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ သူ​သည် သူ​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​၍ တပ်စခန်း​အစွန်​နား​သို့ ရောက်​၏​။


ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​သည်​ဖြစ်၍ သင်​၌ ဤ​နိမိတ်လက္ခဏာ​များ​ဖြစ်လာ​သောအခါ သင်​ပြု​သင့်​သည့်​အရာ​များ​ကို ပြု​လော့​။


သူ​တို့​က ငါ​တို့​အား ‘​သင်​တို့​ထံသို့ ငါ​တို့​မ​လာ​မ​ချင်း စောင့်​နေ​ပါ​’​ဟု ဆို​လျှင် သူ​တို့​ထံ​မ​သွား​ဘဲ ကိုယ့်​နေရာ​မှာ​ကိုယ်​ရပ်​နေ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ