Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 13:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ဖိလိတ္တိ​လူမျိုး​တို့​က “​ဟေဗြဲ​လူမျိုး​တို့​ကို ဓား​၊ လှံ တစ်စုံတစ်ရာ​မျှ မ​လုပ်​စေ​နှင့်​”​ဟု ဆို​သဖြင့် ထိုစဉ်က အစ္စရေး​တစ်ပြည်လုံး​တွင် ပန်းပဲသမား​တစ်ယောက်မျှ မ​တွေ့​ရ​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ဟေ​ဗြဲ​အ​မျိုး​သား​တို့​ဓား​လှံ​လက်​နက်​များ ပြု​လုပ်​ခြင်း​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က ပိတ်​ပင်​တား​မြစ်​သ​ဖြင့် ဣ​သ​ရေ​လ​ပြည် တွင်​ယ​နေ့​တိုင်​အောင်​ပန်း​ပဲ​ဆ​ရာ​များ မ​ရှိ​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 ဖိ​လိ​တ္တိ​လူ​တို့​က၊ ဟေ​ဗြဲ​လူ​တို့​သည် ဓား​လှံ​တို့​ကို မ​လုပ်​စေ​နှင့်​ဟု စီ​ရင်​မြဲ​ရှိ​သော​ကြောင့်၊ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​တွင် ပန်း​ပဲ​တစ်​ယောက်​မျှ မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 13:19
6 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ဂျေရုဆလင်​မြို့သား​များ​အပါအဝင် မှူးမတ်​များ​၊ စစ်သူရဲ​များ​၊ လက်မှုပညာသည်​များ​၊ ပန်းပဲသမား​များ​အားလုံး စုစုပေါင်း​လူ​တစ်သောင်း​ကို ဖမ်းခေါ်​သွား​၏​။ ဆင်းရဲ​သော​ပြည်သူပြည်သား​များ​မှအပ မည်သူ​မျှ​မ​ကျန်​တော့​ပေ​။


ကြည့်ရှု​လော့​။ မီးခဲ​ကို မီးတောက်​အောင်​မှုတ်​ပြီး လက်နက်​ကို​ထုတ်လုပ်​တတ်​သော ပန်းပဲဆရာ​ကို ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။ ဖျက်ဆီး​တတ်​သော အဖျက်သမား​ကို​လည်း ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ ယောယကိမ်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​နှင့်တကွ ယုဒ​လူမျိုး​အကြီးအကဲ​များ​၊ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်း​ခေါ်သွား​ပြီး​နောက်ပိုင်း​တွင် ထာဝရဘုရား​သည် ငါ့​အား ထာဝရဘုရား​၏​ဗိမာန်တော်​ရှေ့​၌​ရှိ​သော သဖန်းသီး​ခြင်းတောင်း​နှစ်​တောင်း​ကို​ပြ​၏​။


ယေခေါနိ​မင်းကြီး​၊ မယ်တော်​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယုဒ​ပြည်​ဂျေရုဆလင်​မြို့​၏​မှူးမတ်​များ​မှစ၍ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီးနောက်​တွင် ရေးသား​၍


သူ​တို့​သည် ဘုရား​အသစ်​တို့​ကို​ရွေးချယ်​ကြ​သောအခါ မြို့​တံခါး​များ​၌ စစ်​ဖြစ်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​၌ လူ​လေးသောင်း​တွင် ဒိုင်း​တစ်​ခု​၊ လှံ​တစ်စင်း​မျှ​မ​တွေ့​ရ​။


ထို့ကြောင့် အစ္စရေး​လူထု​တစ်ရပ်လုံး မိမိ​တို့​၏​ပေါက်တူး​၊ ထယ်သွား​၊ ပုဆိန်​၊ တူရွင်း​တို့​ကို​သွေး​လို​လျှင် ဖိလိတ္တိ​လူမျိုး​တို့​ထံသို့​သွား​၍ သွေး​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ