Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 11:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 သူ​တို့​သည် ရောက်လာ​သော​တမန်​တို့​အား “ ‘​မနက်ဖြန် နေမြင့်ချိန်​၌ သင်​တို့​ကို လာ​ကယ်တင်​မည်​’​ဟု ယာဗက်ဂိလဒ်​မြို့သား​တို့​အား ပြန်ပြော​လော့​”​ဟု မှာလိုက်​၏​။ တမန်​တို့​သည်​လည်း ပြန်လည်​ပြောပြ​ကြ​ရာ ယာဗက်​မြို့သား​တို့​သည် အလွန်​ဝမ်းမြောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​သူ​တို့​က​ယာ​ဗက်​မြို့​မှ​လာ​သော​စေ တ​မန်​တို့​အား``ငါ​တို့​သည်​နက်​ဖြန်​မွန်း မ​တည့်​မီ​သင်​တို့​မြို့​သား​များ​အား​ကယ် ဆယ်​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ပြော​ကြား ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ထို​သ​တင်း ကို​ရ​သော​အ​ခါ​ယာ​ဗက်​မြို့​သား​တို့​သည် အ​တိုင်း​ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​မှ​လာ​သော တ​မန်​တို့​အား နက်​ဖြန်​နေ့ နေ​ပူ​ချိန်​ရောက်​သော​အ​ခါ ချမ်း​သာ​ရ​မည်​အ​ကြောင်း​ကို၊ မြို့​သား​တို့​အား ကြား​ပြော​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ တ​မန်​တို့​သည်​သွား၍ သ​တင်း​ကြား​ပြော​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့​သည် ဝမ်း​မြောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 11:9
7 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​သည် ယာဗက်​ဂိလဒ်​မြို့သား​တို့​ထံသို့ တမန်​တို့​ကို​စေလွှတ်​၍ “​သင်​တို့​သည် သင်​တို့​၏​အရှင်​ရှောလု​မင်းကြီး​ကို ဤသို့​မေတ္တာပြ​၍ သင်္ဂြိုဟ်​ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​။


စစ်သူရဲ​တစ်ယောက်မကျန်​ထ​၍ ရှောလု​မင်းကြီး​အလောင်း​နှင့် သူ့​သား​တို့​၏​အလောင်း​များ​ကို​သွားယူ​ပြီး ယာဗက်​မြို့​သို့​ယူဆောင်​လာ​ကာ အရိုး​များ​ကို ယာဗက်​မြို့​ရှိ သပိတ်ပင်​အောက်​တွင် သင်္ဂြိုဟ်​ပြီးနောက် ခုနစ်​ရက်​တိုင်တိုင် အစာရှောင်​ကြ​၏​။


ငါ​မ​ပြိုင်​နိုင်​လောက်အောင် ခွန်အား​ကြီးမား​သော ငါ့​ရန်သူ​၏​လက်​မှ​လည်းကောင်း​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။


သူ​တို့​က “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် မိဇပါ​မြို့​သို့ မ​လာ​ကြ​သနည်း​။ မည်သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​သောအခါ ယာဗက်​ဂိလဒ်​မြို့သား​တစ်ယောက်​မျှ လူစုဝေးရာ​စခန်း​သို့ ရောက်​မ​လာ​ကြ​သည်​ကို သိ​ရ​လေ​၏​။


ထို့ကြောင့် ယာဗက်​မြို့သား​တို့​က “မနက်ဖြန် အရှင့်​ထံ အကျွန်ုပ်​တို့​လာ​ပါ​မည်​။ အရှင် အလိုရှိ​သည်​အတိုင်း ပြု​ပါ​”​ဟု အကြောင်းပြန်​ကြ​၏​။


ရှောလု​သည် ဗေဇက်​မြို့​တွင် ထို​သူ​တို့​ကို​ရေတွက်​ကြည့်​ရာ အစ္စရေး​အမျိုးသား​သုံးသိန်း​၊ ယုဒ​အမျိုးသား​သုံးသောင်း​ရှိ​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​အပေါ် မည်သို့​ပြု​ကြ​သည်​ကို ယာဗက်ဂိလဒ်​မြို့သား​တို့ ကြားသိ​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ