Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 11:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ကြည့်ရှု​လော့​။ ရှောလု​သည် နွား​ကျောင်း​ရာ​လယ်ကွင်း​မှ ပြန်လာ​၏​။ ရှောလု​က “​အဘယ်ကြောင့် လူ​တို့ ငိုကြွေး​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​သည် ယာဗက်​မြို့သား​တို့​ပြော​သော​သတင်းစကား​ကို သူ့​အား ပြောပြ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ထို​အ​ချိန်​၌​ရှော​လု​သည်​မိ​မိ​၏​နွား​များ နှင့်​အ​တူ လယ်​တော​မှ​ပြန်​လည်​ရောက်​ရှိ​လာ ကာ``အ​ကြောင်း​ကား​အ​ဘယ်​သို့​နည်း။ လူ အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့်​ငို​ကြွေး နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ယာ​ဗက်​မြို့​မှ​စေ​တ​မန်​တို့​ယူ​ဆောင်​လာ သော​သ​တင်း​ကို​သူ့​အား​ပြော​ကြား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ရှော​လု​သည် နွား​စု​နောက်​သို့​လိုက်​လျက် လယ်​လုပ်​ရာ​မှ ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည် အ​ဘယ်​ကြောင့် ငို​ကြွေး​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယာ​ဗက်​မြို့​သား​တို့၏​သ​တင်း​ကို ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 11:5
6 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် သူငယ်​၏​အသံ​ကို ကြား​တော်မူ​၏​။ ထိုအခါ ဘုရားသခင်​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​နေ​၍ ဟာဂရ​ကို​ခေါ်​ပြီးလျှင် “​ဟာဂရ​၊ သင်​ဘာဖြစ်​သနည်း​။ မ​ကြောက်​နှင့်​။ အကြောင်းမူကား သူငယ်​ရှိ​သည့်​နေရာ​မှ သူငယ်​၏​အသံ​ကို ဘုရားသခင်​ကြား​တော်မူ​ပြီ​။


ဤသို့ဖြင့် ဧလိယ​သည် ထို​နေရာ​မှ​ထွက်သွား​၍ ရှာဖတ်​၏​သား ဧလိရှဲ​နှင့်​တွေ့​၏​။ လယ်ထွန်​လျက်​ရှိ​သော​နွား​တစ်ဆယ့်နှစ်​ရှဉ်း​တွင် ဧလိရှဲ​သည် တစ်ဆယ့်နှစ်​ရှဉ်း​မြောက်​၌ လယ်ထွန်​နေ​၏​။ ဧလိယ​သည် သူ့​နား​သို့​သွား​ပြီး မိမိ​ဝတ်လုံ​ကို သူ့​အပေါ် လွှားတင်​ပေး​လိုက်​လျှင်


သားငယ်​ရှိ​သော​သိုးမ​များ​ကို​ထိန်းကျောင်း​ရာ​မှ မိမိ​၏​လူမျိုး​တော်​ဖြစ်​သော​ယာကုပ်​၊ မိမိ​၏​အမွေ​တော်​ဖြစ်​သော​အစ္စရေး​ကို ထိန်းကျောင်း​စေရန် သူ့​ကို​ခေါ်ဆောင်​လာ​တော်မူ​၏​။


စိတ်အာရုံ​ချိုင့်ဝှမ်း​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ မည်သည့်​အကြောင်း​ကြောင့် သင်​တို့​အားလုံး ခေါင်မိုးပြင်​ပေါ်သို့​တက်သွား​ကြ​သနည်း​။


အနောက်​မှ​ဟစ်ခေါ်​သဖြင့် ဒန်​အမျိုးသား​တို့​သည် နောက်​သို့​လှည့်​၍ မိက္ခာ​အား “​အဘယ်ကြောင့် အော်ဟစ်​နေ​သနည်း​”​ဟု မေး​သော်


ကိရှ​အမည်​ရှိ​သော ဗင်္ယာမိန်​အမျိုးသား​တစ်​ယောက်​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုးသား​အာဖိ​၏​တီ​၊ ဗေခေါရတ်​၏​မြစ်​၊ ဇေရော်​၏​မြေး​၊ အဗျေလ​၏​သား​ဖြစ်​၏​။ သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝ​သူ​တစ်ဦး​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ