Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 9:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ ရှင်ဘုရင်​နန်းတော်​နှင့် မိမိ​ဆန္ဒ​အတိုင်း​တည်ဆောက်​လို​သမျှ​ကို တည်ဆောက်​ပြီးစီး​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​ကို လက်​စ​သတ်၍၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ ပြည့်​စုံ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 9:1
18 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ပြီး ဖာရော​မင်းကြီး​၏​သမီး​တော်​နှင့် စုံဖက်​လေ​၏​။ စံမြန်း​ရာ​နန်းတော်​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဂျေရုဆလင်​မြို့ရိုး​တို့ ဆောက်လုပ်​၍​မ​ပြီး​မီ​တိုင်အောင် သူ့​ကို ဒါဝိဒ်​မြို့​တွင် စံမြန်း​နေ​စေ​၏​။


ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​နန်းစံ​လေး​နှစ်​မြောက်​၊ ဇိဖ​လ​တွင် ထာဝရဘုရား​၏​အိမ်​တော်​ကို အုတ်မြစ်ချ​ပြီး


ရှောလမုန်​မင်းကြီး​သည် မိမိ​နန်းတော်​ကို​လည်း​တည်ဆောက်​ရာ တစ်ဆယ့်သုံး​နှစ်​အကြာ​တွင် နန်းတော်​တစ်ခုလုံး ပြီးစီး​လေ​၏​။


အလျား​အတောင်​တစ်ရာ​၊ အနံ​အတောင်​ငါးဆယ်​၊ အမြင့်​အတောင်​သုံးဆယ်​ရှိ​သော လက်ဘနွန်​တော​စံနန်းဆောင်​ကို တည်ဆောက်​၏​။ သစ်ကတိုးသား​တိုင်​လေး​တန်း​တန်း​ပြီး ထို​တိုင်​များ​ပေါ်တွင် ရက်မ​များ​ကို တင်ထား​၏​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အဖို့ လုပ်ဆောင်စရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​ပြီး​သောအခါ ခမည်းတော်​ဒါဝိဒ်​မင်းကြီး ဆက်ကပ်လှူဒါန်း​ထား​သော ရွှေထည်​ငွေထည်​အသုံးအဆောင်​များ​ကို ရှောလမုန်​မင်းကြီး​ယူဆောင်​လာ​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာတိုက်​ထဲတွင် ထားရှိ​လေ​၏​။


ရှစ်​ရက်​မြောက်​သော​နေ့​တွင် လူ​တို့​ကို ပြန်လွှတ်​လိုက်​ရာ သူ​တို့​သည်​လည်း ရှင်ဘုရင်​ကို​ကောင်းချီးပေး​ပြီး ထာဝရဘုရား​က မိမိ​အစေအပါး​ဒါဝိဒ်​နှင့် မိမိ​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ ပြု​တော်မူ​သော​ကောင်းကျိုးချမ်းသာ​အလုံးစုံ​ကြောင့် ဝမ်းမြောက်​ပျော်ရွှင်​စွာ​ဖြင့် မိမိ​တို့​နေရပ်​သို့​ပြန်သွား​ကြ​၏​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​နန်းတော်​တည်းဟူသော အဆောက်အအုံ​နှစ်​ခု​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ


တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​အား သစ်ကတိုးသား​၊ ထင်းရှူးသား​နှင့် ရွှေ​တို့​ကို အလိုရှိ​သမျှ​ပံ့ပိုး​ပေး​ခဲ့​သဖြင့် ရှောလမုန်​မင်းကြီး​သည် ဟိရံ​မင်းကြီး​အား ဂါလိလဲ​ပြည်​ရှိ မြို့​နှစ်ဆယ်​မြို့​ကို​ပေး​လေ​၏​။


ရှောလမုန်​ဘဏ္ဍာသိုလှောင်ရာ​မြို့​များ​၊ စစ်ရထား​မြို့​များ​၊ မြင်းစီးသူရဲ​မြို့​များ​သာမက ဂျေရုဆလင်​မြို့​၊ လက်ဘနွန်​တောင်​အပါအဝင် မိမိ​အုပ်စိုး​ရာ​နယ်မြေ​ရှိသမျှ​တို့​တွင် ဆောက်​လို​သော​အဆောက်အအုံ​များ​ကို​လည်း စိတ်တိုင်းကျ​ဆောက်လုပ်​လေ​၏​။


ထိုသို့ ရှောလမုန်​မင်းကြီး​ဆုတောင်း​ပြီး​သောအခါ ကောင်းကင်​မှ​မီး​ကျလာ​၍ မီးရှို့ရာယဇ်​နှင့်​ပူဇော်သက္ကာ​တို့​ကို လောင်ကျွမ်း​လေ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည်​လည်း အိမ်​တော်​ကို ဖုံးလွှမ်း​လေ​၏​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် မိမိ​၏​နန်းတော်​ကို​တည်ဆောက်​ရာ​တွင် စိတ်​ထဲ၌​ပေါ်လာ​သမျှ​အတိုင်း တည်ဆောက်​ခဲ့​၏​။ ထိုသို့ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​၏​နန်းတော်​တို့​ကို အောင်မြင်​စွာ​တည်ဆောက်​ပြီးစီး​သွား​သောအခါ


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် သူ​စံမြန်း​ရန်​နန်းတော်​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ


ဗာလတ်​မြို့​၊ ရှောလမုန်​ဘဏ္ဍာသိုလှောင်ရာ​မြို့​များ​၊ စစ်ရထား​မြို့​များ​၊ မြင်းစီးသူရဲ​မြို့​များ​သာမက ဂျေရုဆလင်​မြို့​၊ လက်ဘနွန်​တောင်​အပါအဝင် မိမိ​အုပ်စိုး​ရာ​နယ်မြေ​ရှိသမျှ​တို့​တွင် ဆောက်​လို​သော​အဆောက်အအုံ​များ​ကို​လည်း စိတ်တိုင်းကျ​ဆောက်လုပ်​လေ​၏​။


ငါ​သည် ငါ့​မျက်စိ​လိုချင်​တပ်မက်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ​မ​ငြင်း​။ ငါ့​စိတ်နှလုံး​ကို​လည်း အပျော်အပါး​ရှိသမျှ​ကို​ခံစား​ခွင့်​ပေး​ထား​၏​။ အမှန်စင်စစ် ငါ​၏​စိတ်နှလုံး​သည် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ ဝမ်းမြောက်​၏​။ ဤသည်ကား ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက် ငါ​ရရှိ​သော​ဝေစု​ဖြစ်​၏​။


ငါ​သည် ငါ​ပြု​သော​အမှု​များ​ကို တိုးပွား​စေ​၏​။ ငါ့​အတွက် အိမ်​များ​ကို ငါ​တည်ဆောက်​၍ စပျစ်ခြံ​များ​ကို ငါ​စိုက်ပျိုး​၏​။


မျက်စိ​ဖြင့်​မြင်​ရ​ခြင်း​သည် စိတ်ကူးယဉ်​နေ​ခြင်း​ထက် ပို၍​ကောင်း​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ