Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 7:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ရှောလမုန်​မင်းကြီး​သည် မိမိ​နန်းတော်​ကို​လည်း​တည်ဆောက်​ရာ တစ်ဆယ့်သုံး​နှစ်​အကြာ​တွင် နန်းတော်​တစ်ခုလုံး ပြီးစီး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ရှော​လ​မုန်​မင်း​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကို တစ်​ဆယ့်​သုံး​နှစ်​နှင့်​အ​ပြီး​သတ်​တည်​ဆောက် တော်​မူ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 တစ်​ဖန် ရှော​လ​မုန်​သည် တစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး နန်း​တော်​ကို​တည်​ဆောက်၍ လက်​စ​သတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 7:1
7 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ပြီး ဖာရော​မင်းကြီး​၏​သမီး​တော်​နှင့် စုံဖက်​လေ​၏​။ စံမြန်း​ရာ​နန်းတော်​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဂျေရုဆလင်​မြို့ရိုး​တို့ ဆောက်လုပ်​၍​မ​ပြီး​မီ​တိုင်အောင် သူ့​ကို ဒါဝိဒ်​မြို့​တွင် စံမြန်း​နေ​စေ​၏​။


တစ်ဆယ့်တစ်​နှစ်​မြောက်​၊ ဗု​လ ဟု​ခေါ်​သော​အဋ္ဌမ​လ​တွင် ရေးဆွဲ​ချမှတ်​ထား​သော​အိမ်​တော်​ပုံစံ​အတိုင်း ဆောက်လုပ်​ပြီးစီး​၏​။ အိမ်​တော်​ကို ခုနစ်​နှစ်​တိုင် ဆောက်လုပ်​ခဲ့​ရ​၏​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ ရှင်ဘုရင်​နန်းတော်​နှင့် မိမိ​ဆန္ဒ​အတိုင်း​တည်ဆောက်​လို​သမျှ​ကို တည်ဆောက်​ပြီးစီး​သောအခါ


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​နန်းတော်​တည်းဟူသော အဆောက်အအုံ​နှစ်​ခု​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် သူ​စံမြန်း​ရန်​နန်းတော်​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ


ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ