၃ ဓမ္မရာဇဝင် 5:7 - မြန်မာ့စံမီသမ္မာကျမ်7 ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီး၏စကားကိုကြားလျှင် “ယနေ့ ဤလူမျိုးကြီးအပေါ် အုပ်ချုပ်ရန် ဒါဝိဒ်မင်းကြီးအား ပညာရှိသောသားကိုပေးတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု ဝမ်းသာအားရမြွက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ရှောလမုန်မင်းမှာကြားသောစကားကို ကြားရသောအခါ ဟိရံမင်းသည်လွန်စွာ အားရနှစ်သက်သဖြင့်``ဤသို့ကြီးမားသည့် နိုင်ငံတော်ကိုအုပ်စိုးရန်အတွက် ဒါဝိဒ် အားဤမျှပညာရှိသောသားကိုပေးတော် မူသောထာဝရဘုရားအား ယနေ့ထော မနာပြုကြလော့'' ဟုမြွက်ဆိုတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည်ကြားလျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသောသားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့ မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊ အခန်းကိုကြည့်ပါ။ |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။