Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 4:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 နာသန်​၏​သား​အာဇရိ​သည် နယ်စားမင်းကြီး​၊ နာသန်​၏​သား​ဇာဗုဒ်​သည် ယဇ်ပုရောဟိတ်​နှင့် ဘုရင့်​အတိုင်ပင်ခံ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 နာ​သန်​သား​အာ​ဇ​ရိ​သည် ဝန်​စာ​ရေး​အုပ်​ဖြစ်၏။ နာ​သန်​သား​ဇာ​ဗုဒ်​သည် မင်း​သား​အ​ရာ​နှင့် တိုင်​ပင်​မတ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 4:5
17 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ပရောဖက်​နာသန်​ကို စေလွှတ်​တော်မူ​၍ ထာဝရဘုရား​ကို အစွဲပြု​ပြီး သူ့​ကို ယေဒိဒိ ဟု​အမည်​မှည့်ခေါ်​စေ​၏​။


ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​မိတ်ဆွေ ဟုရှဲ​သည် မြို့​ထဲသို့​ပြန်သွား​၏​။ အဗရှလုံ​သည်​လည်း ဂျေရုဆလင်​မြို့​သို့ ရောက်လာ​၏​။


ဒါဝိဒ်​မင်းကြီး​၏​မိတ်ဆွေ အာခိ​လူမျိုး ဟုရှဲ​သည်​လည်း အဗရှလုံ​ထံ​ရောက်လာ​ပြီး အဗရှလုံ​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​၊ အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ဩဘာပေး​၏​။


ယာဣရ​လူမျိုး​ဣရ​ကား ဒါဝိဒ်​မင်းကြီး​၏​ယဇ်ပုရောဟိတ် စသည်​ဖြင့် နေရာကျ​ကြ​၏​။


ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​ရ​သော​သား​တော်​များ​၏​အမည်​မှာ ရှမွာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန်​၊


ရှင်ဘုရင်​က ပရောဖက်​နာသန်​အား “​ကြည့်​ပါ​။ ငါ​သည် သစ်ကတိုးသား​ဖြင့်​ဆောက်လုပ်​ထား​သော​နန်းတော်​တွင် နေ​ရ​၏​။ ထာဝရဘုရား​၏​သေတ္တာ​တော်​မူကား ရွက်ထည်​တဲ​ဖြင့်​သာ စံနေ​ရ​ပါ​သည်​တကား​”​ဟု မိန့်ဆို​လျှင်


ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ ဒါဝိဒ်​မင်းကြီး​၏​သား​တို့​ကား နန်းတွင်းအရာရှိ​များ စသည်​ဖြင့် အသီးသီး​နေရာ​ရ​ကြ​၏​။


အဟိရှာ​သည် နန်းတော်အုပ်​၊ အာဗဒ​၏​သား​အဒေါနိရံ​သည် ချွေးတပ်အုပ်​တို့​ဖြစ်​ကြ​၏​။


ရှောလမုန်​မင်းကြီး​၌ အစ္စရေး​နိုင်ငံ​တစ်နိုင်ငံလုံး​တွင် နယ်စားမင်း​တစ်ဆယ့်နှစ်​ပါး​ရှိ​၏​။ သူ​တို့​သည် ဘုရင်​နှင့်​နန်းတွင်းသူ​နန်းတွင်းသား​တို့​အဖို့ နှစ်​တစ်​နှစ်​တွင် တစ်​လ​တစ်ပါးစီ ရိက္ခာ​ဆက်သ​ရ​၏​။


အဟိသောဖေလ​သည် ဘုရင့်​အတိုင်ပင်ခံအမတ်​ဖြစ်​ပြီး အာခိ​အမျိုး​ဟုရှဲ​သည် ဘုရင့်​မိတ်ဆွေ​တော်​ဖြစ်​၏​။


စိတ်နှလုံး​စင်ကြယ်​ခြင်း​ကို​နှစ်သက်​၍ ယဉ်ကျေး​သိမ်မွေ့​စွာ​ပြောဆို​တတ်​သော​သူ​သည် ရှင်ဘုရင်​၏​မိတ်ဆွေ​ဖြစ်​ရ​လိမ့်မည်​။


တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သည့် ယေရှု​ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​ရင်ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သဖြင့်


ထိုအခါ “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​၏။ အာဗြဟံ​သည်​လည်း ဘုရားသခင်​၏​မိတ်ဆွေ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ