Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 2:30 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 ဗေနာယ​သည် ထာဝရဘုရား​၏​တဲ​တော်​အတွင်း​သို့ ဝင်သွား​ပြီး ယွာဘ​အား “​ရှင်ဘုရင် အမိန့်​တော်​ရှိ​၏​။ ထွက်လာ​ပါ​”​ဟု ဆို​လျှင် ယွာဘ​က “​မ​ထွက်​ပါ​။ ဤ​နေရာ​၌​သာ အသေခံ​မည်​”​ဟု ပြန်ဖြေ​သဖြင့် ဗေနာယ​က “​ယွာဘ ဤသို့​ပြော​ပါ​ပြီ​။ ဤသို့​ပြန်ဖြေ​ပါ​ပြီ​”​ဟု ရှင်ဘုရင်​ထံ အကြောင်းပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 ဗေ​နာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​သို့​သွား​၍ ယွာ​ဘ​အား``အပြင် သို့​ထွက်​ခဲ့​လော့။ မင်း​ကြီး​အ​မိန့်​တော်​ရှိ သည်'' ဟု​ဆို​၏။ ယွာ​ဘ​က``ငါ​မ​လာ​လို။ ဤ​အ​ရပ်​တွင်​ပင် အ​သေ​ခံ​မည်'' ဟု​ပြန်​ပြော​၏။ ဗေ​နာ​ယ​သည်​လည်း​မင်း​ကြီး​ထံ​ပြန်​သွား ပြီး​လျှင် ယွာ​ဘ​ပြော​သည့်​စ​ကား​ကို​ပြန် ကြား​လျှောက်​ထား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

30 ဗေ​နာ​ယ​သည် ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​သွား၍၊ ရှင်​ဘု​ရင်​ခေါ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ယွာ​ဘ​က ငါ​မ​သွား၊ ဤ​အ​ရပ်​မှာ အ​သေ​ခံ​မည်​ဟု​ဆို၏။ ဗေ​နာ​ယ​က​လည်း၊ ယွာ​ဘ​သည် ဤ​သို့​ပြန်​ပြော​ပါ၏​ဟု နား​တော်​လျှောက်​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 2:30
3 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ “​ယွာဘ​သည် တဲ​တော်​သို့​ပြေး​၍ ယဇ်ပလ္လင်​နား​တွင် ရှိ​နေ​ပါ​၏​”​ဟူသော သတင်း​ကို ရှောလမုန်​မင်းကြီး​အား ကြားလျှောက်​လျှင် ရှောလမုန်​မင်းကြီး​က ယောယဒ​၏​သား ဗေနာယ​အား “​သူ့​ကို သွား​သတ်​လော့​”​ဟု အမိန့်ပေး​လေ​၏​။


ထိုအခါ ရှင်ဘုရင်​က “​သူ​ပြော​သည့်​အတိုင်း ပြု​ပါ​။ သူ့​ကို ကွပ်မျက်​ပြီး သင်္ဂြိုဟ်​လိုက်​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ခမည်းတော်​အမျိုးအနွယ်​ကို ယွာဘ​က​အကြောင်းမရှိ​ဘဲ လူ​အသက်သတ်​ခဲ့​သော​အပြစ်​များ​နှင့် ကင်းဝေး​လိမ့်မည်​။


ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့​တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ