၃ ဓမ္မရာဇဝင် 18:4 - မြန်မာ့စံမီသမ္မာကျမ်4 ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-) အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို ပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌ ဧလိရှဲသည် မိမိအိမ်၌ထိုင်နေ၏။ သက်ကြီးဝါကြီးတို့လည်း သူနှင့်အတူထိုင်လျက်ရှိ၏။ ရှင်ဘုရင်က ဧလိရှဲထံ ရှေ့တော်ပြေးတစ်ယောက်ကိုစေလွှတ်၏။ သို့သော် ထိုတမန်မရောက်မီ ဧလိရှဲက သက်ကြီးဝါကြီးတို့အား “ဤလူသတ်သမား၏သားသည် ငါ့ခေါင်းကိုဖြတ်ဖို့ လူကိုစေလွှတ်သည်ကို သင်တို့ သိသလော။ ထိုတမန်ရောက်လာလျှင် တံခါးကိုပိတ်ထားပါ။ တံခါးကို တွန်းထားကြပါ။ သူ့နောက်၌ သူ့သခင်၏ခြေသံကပ်ပါလာသည် မဟုတ်လော”ဟု ဆို၏။