၃ ဓမ္မရာဇဝင် 11:7 - မြန်မာ့စံမီသမ္မာကျမ်7 ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုး၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 ထိုအခါ ရှောလမုန်သည် ရွံရှာဖွယ်သော မောဘဘုရားခေမုရှနှင့် ရွံရှာဖွယ်သော အမ္မုန်ဘုရားမောလုတ်အဖို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကိုတည်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်တွင် ကိုယ်တော်သည် ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်၌ ခြေချတော်မူလျှင် သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် နှစ်ခြမ်းကွဲ၍ ကျယ်ပြန့်သောချိုင့်ဝှမ်းလွင်ပြင်ကြီး ပေါ်လာလိမ့်မည်။ ထိုတောင်၏တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ ကျန်တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွေ့သွားလိမ့်မည်။