Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 1:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သူ​သည် ဇေရုယာ​၏​သား​ယွာဘ​၊ ယဇ်ပုရောဟိတ်​အဗျာသာ​တို့​နှင့် တိုင်ပင်ဆွေးနွေး​ရာ သူ​တို့​က အဒေါနိယ​ကို အားပေးမြှောက်ပင့်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 အ​ဗ​ရှ​လုံ​ညီ​လည်း ဖြစ်၏။ သူ​သည် ဇေ​ရု​ယာ​သား​ယွာ​ဘ၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​နှင့်​တိုင်​ပင်၍ သူ​တို့​သည် အ​ဒေါ​နိ​ယ​ဘက်​မှာ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 1:7
12 ပူးပေါင်းရင်းမြစ်များ  

အဗရှလုံ​သည် ယဇ်ပူဇော်​စဉ်တွင် ဒါဝိဒ်​မင်းကြီး​၏​အကြံပေး​ဖြစ်​သူ ဂိလော​မြို့သား အဟိသောဖေလ​ထံသို့ လူ​လွှတ်​၍ သူ့​နေရင်း​မြို့​ဖြစ်​သော​ဂိလော​မြို့​မှ ခေါ်လာ​စေ​၏​။ အဗရှလုံ​ထံ၌ လူ​အင်အား​တိုးပွား​လာ​ပြီး လျှို့ဝှက်ကြံစည်မှု​သည်​လည်း အားကြီး​လာ​လေ​၏​။


ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ထို​မြို့​၌ သင်​နှင့်အတူ​ရှိ​သည်​မ​ဟုတ်​လော​။ နန်းတွင်း​မှ တစ်စုံတစ်ရာ​ကို​ကြားသိ​လျှင် ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​ကို သင်​ပြောပြ​ရ​မည်​။


ယွာဘ​ကား အစ္စရေး​စစ်သည်​အားလုံး​ကို အုပ်ချုပ်ရသူ​၊ ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊


ရှေဝ​ကား စာရေးတော်ကြီး​၊ ဇာဒုတ်​နှင့်​အဗျာသာ​ကား ယဇ်ပုရောဟိတ်​၊


ဇေရုယာ​၏​သား​ယွာဘ​ကား ဗိုလ်ချုပ်​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​ကား အတွင်းဝန်​၊


ရှောလမုန်​မင်းကြီး​က မယ်တော်​အား “​မယ်တော်​၊ အဘယ်ကြောင့် အဒေါနိယ​အဖို့ ရှုနင်​မြို့သူ​အဘိရှက်​ကို​သာ တောင်းပေး​ရ​သနည်း​။ သူ​သည် အကျွန်ုပ်​ထက်​အကြီး​၊ အကျွန်ုပ်​၏​နောင်တော်​ဖြစ်​သည်​ဖြစ်​၍ သူ့​အဖို့ နိုင်ငံ​တော်​ကို​ပါ တောင်းပေး​ပါ​လော့​။ သူ့​အဖို့​သာမက ယဇ်ပုရောဟိတ်​အဗျာသာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့​အတွက်​ပါ တောင်းပေး​ပါ​တော့​လား​”​ဟု မိန့်ဆို​လေ​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​က “​ယေဗုသိ​လူမျိုး​ကို ဦးစွာ​တိုက်ခိုက်​နိုင်​သူ​အား ဗိုလ်ချုပ်ကြီး​ရာထူး​ပေး​မည်​”​ဟု မိန့်ဆို​လျှင် ဇေရုယာ​၏​သား​ယွာဘ​သည် ဦးစွာ​သွား​တိုက်​၏​။ ထို့ကြောင့် သူ​သည် ဗိုလ်ချုပ်ကြီး ဖြစ်လာ​လေ​၏​။


အဟိသောဖေလ မ​ရှိ​တော့​သည့်​နောက်​တွင် ဗေနာယ​၏​သား​ယောယဒ​နှင့် အဗျာသာ​တို့​သည် အတိုင်ပင်ခံအမတ်​များ​ဖြစ်လာ​ကြ​၏​။ ယွာဘ​သည်​လည်း ဘုရင့်​တပ်​တော်​၏​ဗိုလ်ချုပ်​ဖြစ်​၏​။


ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ