Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 1:41 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

41 အဒေါနိယ​နှင့် ဖိတ်ခေါ်​ထား​သော​သူ​အားလုံး​တို့​သည်​လည်း စားသောက်​ပြီး​ချိန်​တွင် ထို​အသံ​ကို ကြား​လေ​၏​။ ယွာဘ​က​လည်း တံပိုးမှုတ်သံ​ကို​ကြား​လျှင် “​မြို့​ထဲမှ​ဆူညံသံ​ကား အဘယ်နည်း​”​ဟု မေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

41 အ​ဒေါ​နိ​ယ​နှင့်​သူ​၏​ဧည့်​သည်​တော်​တို့​သည် မိ​မိ တို့​စား​သောက်​ပွဲ​ပြီး​ခါ​နီး​၌​ထို​အ​သံ​ကို​ကြား ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား သော်``မြို့​ထဲ​၌​ဤ​အ​သံ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

41 အ​ဒေါ​နိ​ယ​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် စား​သောက်​ပွဲ​ပြီး​သော​အ​ခါ ထို​အ​သံ​ကို ကြား​ကြ၏။ တံ​ပိုး​မှုတ်​သံ​ကို ယွာ​ဘ​ကြား​လျှင်၊ တစ်​မြို့​လုံး​အုတ်​အုတ် ကျက်​ကျက်​ပြု​သံ​ကား၊ အ​ဘယ်​သို့​နည်း​ဟု​မေး​စဉ်​ပင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 1:41
13 ပူးပေါင်းရင်းမြစ်များ  

လူ​အပေါင်း​တို့​သည် သူ့​နောက်သို့​လိုက်​လျက်​၊ ပလွေ​မှုတ်​လျက် အလွန်​ဝမ်းမြောက်​ပျော်ရွှင်​စွာ ကြွေးကြော်​ကြ​လေ​၏​။ သူ​တို့​၏​ကြွေးကြော်သံ​သည် မြေကြီး​ကွဲမတတ် ဖြစ်​လေ​၏​။


ထိုသို့​မေးမြန်း​နေ​စဉ်တွင် ယဇ်ပုရောဟိတ်​အဗျာသာ​၏​သား ယောနသန်​ရောက်လာ​သဖြင့် အဒေါနိယ​က “​ဝင်​ခဲ့​ပါ​။ သင်​သည် လူကောင်း​ဖြစ်​သောကြောင့် သတင်းကောင်း​ပါ​လိမ့်မည်​”​ဟု ဆို​၏​။


ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။


ယောရှု​သည် ကျယ်လောင်​စွာ​အော်ဟစ်​နေ​သော​လူ​တို့​၏​အသံ​ကို​ကြား​သောအခါ မောရှေ​အား “​တပ်စခန်း​ထဲ၌ စစ်တိုက်သံ​ပါတကား​”​ဟု ဆို​လေ​၏​။


ရယ်မော​လျက်​နေ​စဉ်ပင် စိတ်နှလုံး​သည် နာကျင်​နေ​တတ်​၏​။ ဝမ်းမြောက်​ခြင်း​၏​အဆုံး​၌​လည်း ပူဆွေးခြင်း​ရှိ​တတ်​၏​။


သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ကျမ်းပြု​ဆရာ​များ​သည် ကိုယ်တော်​ပြု​တော်မူ​သော အံ့သြဖွယ်​အမှု​တို့​ကို​လည်းကောင်း၊ “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ဗိမာန်​တော်​၌ ကလေး​များ​ကြွေးကြော်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​လျှင် အမျက်​ထွက်​ကြ​၍


လူ​တို့​သည် ပေါလု​ကို​သတ်​ရန် ကြိုးစား​နေ​ကြ​စဉ် ဂျေရုဆလင်​တစ်မြို့လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သည်​ဟူသော​သတင်း​သည် တပ်ဖွဲ့​တစ်​ဖွဲ့​၏​တပ်မှူးကြီး​ထံ ရောက်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ