၁ ကောရိန်သု 9:13 - မြန်မာ့စံမီသမ္မာကျမ်13 ဗိမာန်တော်အမှုကိစ္စများကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်မှရရှိသောအရာများကို စားသောက်ကြ၍ ယဇ်ပလ္လင်၌အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောပူဇော်သက္ကာများကို မျှဝေခံစားခွင့်ရှိကြောင်း သင်တို့မသိကြသလော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 ဗိမာန်တော်တွင်အမှုထမ်းဆောင်သူများသည် ဗိမာန်တော်မှအစားအစာကိုရကြသည် ကိုလည်းကောင်း၊ ယဇ်ပူဇော်သူများသည်လည်း ယဇ်ကောင်မှဝေစုကိုရကြသည်ကိုလည်း ကောင်းသင်တို့မသိကြပါသလော။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကိုလည်းကောင်း၊ သင်တို့ မသိကြသလော။- အခန်းကိုကြည့်ပါ။ |
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ်ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။