၁ ကောရိန်သု 8:4 - မြန်မာ့စံမီသမ္မာကျမ်4 ထို့ကြောင့် ရုပ်တုအားပူဇော်ထားသောအရာများကို စားသောက်ခြင်းနှင့်ပတ်သက်၍ ရုပ်တုသည် ဤလောက၌ ဘာမျှမဟုတ်ကြောင်းနှင့် တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး မည်သည့်ဘုရားမျှမရှိကြောင်း ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ထို့ကြောင့်ရုပ်တုကိုပူဇော်သည့်အစားအစာ နှင့်ပတ်သက်၍ပြောရသော် ရုပ်တုဟူသည်မှာ သက်ရှင်လှုပ်ရှားမှုမရှိကြောင်းကိုလည်း ကောင်း၊ တစ်ဆူတည်းသောဘုရားမှတစ်ပါး အခြားဘုရားမရှိကြောင်းကိုလည်းကောင်း ငါတို့သိကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီးသက်သက် ဖြစ်သည်ကိုလည်းကောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အဘယ်ဘုရားသခင်မျှ မရှိသည်ကိုလည်းကောင်း၊ ငါတို့သိကြ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။