Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 6:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 သင်​တို့​ထဲမှ​တစ်စုံတစ်ဦး​သည် အခြား​သူ​နှင့် အမှု​ဖြစ်ပွား​သောအခါ သန့်ရှင်း​သူ​တို့​ရှေ့၌ စီရင်​ခြင်း​မ​ခံ​ဘဲ မ​ဖြောင့်မတ်​သော​သူ​တို့​ရှေ့၌ စီရင်​ခြင်း​ခံ​ဝံ့​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 သင်​တို့​အ​ချင်း​ချင်း​အ​မှု​ဖြစ်​ပွား​လျှင် ဘု​ရား​သ​ခင်​လူ​စု​တော်​၏​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ကို​ခံ မည့်​အ​စား အ​ဘယ်​ကြောင့်​ဘု​ရား​မ​ရှိ​သည့် တ​ရား​သူ​ကြီး​များ​ထံ​သို့​သွား​ကြ​ပါ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 သင်​တို့​သည် အ​ချင်း​ချင်း​အ​မှု​ရှိ​လျှင်၊ သန့်​ရှင်း​သူ​တို့​ရှေ့၌ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​ဘဲ သာ​သ​နာ​ပ​လူ​တို့​ရှေ့၌ ခံ​ဝံ့​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 6:1
11 ပူးပေါင်းရင်းမြစ်များ  

သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။


ထို့ကြောင့် ဒေမေတရိ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​ပန်းထိမ်သမား​တို့​သည် တစ်စုံတစ်ဦး​ကို တရားစွဲ​ဆို​ရန်​ရှိ​လျှင် တရားရုံး​များ​ဖွင့်​ထား​ပြီး အုပ်ချုပ်ရေးမှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်၍ အမှုသည်​ချင်း တရားတွေ့​ကြ​ပါစေ။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန်သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။


အကြောင်းမူကား ဘုရားသခင်​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့်ဆိုင်သော​ဘုရား​မ​ဟုတ်​ဘဲ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သော​ဘုရား​ဖြစ်​တော်မူ​၏။ သန့်ရှင်း​သူ​တို့​၏​အသင်းတော်​တိုင်း​၌ ပြုကျင့်​သကဲ့သို့


သန့်ရှင်း​သူ​တို့​အတွက် အလှူ​ကောက်ခံ​ခြင်း​နှင့်​ပတ်သက်၍ ဂလာတိ​ပြည်​ရှိ အသင်းတော်​များ​ကို ငါ​မှာထား​သကဲ့သို့ သင်​တို့​သည်​လည်း ထိုနည်းတူ​ပြု​ကြ​လော့။


ညီအစ်ကို​တို့၊ သတေဖနာ​၏​အိမ်သူအိမ်သား​တို့​သည် အခါယ​ပြည်​၏​အသီးဦး​ဖြစ်​ကြ​ပြီး သန့်ရှင်း​သူ​တို့​၏​အမှု​ကို​ဆောင်ရွက်​ရန် သူ​တို့​သည် မိမိ​တို့​ကိုယ်ကို​ဆက်ကပ်​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။


အကြောင်းမူကား အပြင်​လူ​တို့​ကို​စီရင်​ခြင်း​သည် ငါ​နှင့်​မည်သို့​ဆိုင်​သနည်း။ အတွင်း​လူ​တို့​ကို သင်​တို့​စီရင်​ရ​မည်​မ​ဟုတ်​လော။


သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့ ငါ​ဆို​၏။ သင်​တို့​အထဲတွင် မိမိ​၏​ညီအစ်ကို​အချင်းချင်း​ကြား စီရင်​ဆုံးဖြတ်​ပေး​နိုင်​မည့် ပညာရှိ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​သလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ