၁ ကောရိန်သု 2:1 - မြန်မာ့စံမီသမ္မာကျမ်1 ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့ရောက်လာစဉ်က ထူးမြတ်သောစကားနှင့် ဉာဏ်ပညာတို့အားဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ဟောပြောသည်မဟုတ်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 သို့ဖြစ်သောကြောင့်ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာရောက်၍ ဘုရားသခင်၏ နက်နဲသောသမ္မာတရားတော်ကိုဟောပြောစဉ် အခါကထည်ဝါသောစကားများ၊ အသိ ပညာနှင့်ယှဉ်သောစကားများဖြင့်ဟော ပြောသည်မဟုတ်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ညီအစ်ကိုတို့၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏ သက်သေခံချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာအားဖြင့် သင်တို့အား ပြသ၍ ရောက်လာသည်မဟုတ်။- အခန်းကိုကြည့်ပါ။ |
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။